ရှမ်းနီအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း၏နာယကဦးမှတ်ကွယ်လွန် 

မေ ၂၅ ၊ မိုးညှင်း 

ရှမ်းနီအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်းများ၏ နာကယဖြစ်သူ ဦးမှတ် ဟာ မေလ ၂၄ ရက်နေ့မှာ မန္တလေးမြို့မှာ ကွယ်လွန်သွားကြောင်း မိသားစုတွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ 

အသက် ၇၀ အရွယ် ဦးမှတ်ဟာ မေလ ၂၄ ရက်နေ့မှာ နေ့လည်ပိုင်းမှာ ကွယ်လွန်သွားတာဖြစ်ကြောင်း သိရပါတယ်။ 

“ ငါတို့မျိုးနွယ်စုအသင်းမှာလည်း သူက နာကယ၊ သံဃာ့သမဂ္ဂီမှာလည်း နာယကပါထားတယ်။ အားလုံးရဲ့ နာယကလို့တောင်ပြောလို့ရတယ်။  ငွေအားလူအား စိတ်ဓာတ်ရေးရာအား အဖက်ဖက်ကနေ ကူညီခဲ့တဲ့သူ ဆုံးသွားတော့ နေတစ်လုံးကွယ်ပျောက်သလိုခံစားရတာပါ့လေ” လို့ မိုးညှင်းခရိုင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးချစ်ငွေက ပြောပါတယ်။ 

ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအသင်းများ ဖြစ်ပေါ်လာရေးအတွက် လိုချက်အပ်တွေဖြစ်တဲ့ ငွေအား၊ လူအားတွေကို ကူညီပံ့ပိုးပေးခဲ့သလို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း မိုးညှင်းမြို့နယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်း ၏ ဝမ်းနည်းကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဦးမှတ်ဟာ မိုးညှင်းမြို့ဇာတိသားဖြစ်ပြီး  ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *