ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်မှာစစ်ကောင်စီတပ်သားတွေကဒေသခံတစ်ဦးရဲ့လည်ပင်းကိုဓားဖြင့်ခုတ် 

စက်တင်ဘာ ၁၃ ၊ ကျေးသီး 

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ  ဩဂုတ်လ ၃၁ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ  စစ်ကောင်စီတပ်သား (၃) ဦးက  နွားကျောင်းနေသည့် လယ်သမားတစ်ဦးကို ရိုက်နက်ပြီး လည်ပင်းကို ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့တယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောဆိုမှုအရ  နောင်ယုမ်းရွာမှ ဒေသခံလုံးရွှေထွန်းက သူ့ရဲ့ ကျွဲနွားတွေက ကျေးရွာအပြင်ပ ခလရ ၁၃၁ အနီးမှာရှိနေစဉ် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ဖို့လုပ်နေတာကို တားဆီးရာကနေ ဖြစ်ပွားခဲ့တာပါ။ 

စစ်ကောင်စီတပ်သားသုံးဦးက တပ်ဝင်းထဲက ထွက်လာပြီး နွားပိုင်ရှင် လုံးရွှေထွန်း ကို မေးမြန်းရိုက်နက်မှုတဲ့အပြင် သေနတ်ဒင်တွေနဲ့ ရိုက်နက်ခဲ့တယ်လို့ဆိုပါတယ်။ 

ရိုက်နက်ပြီးပေမယ့်လည်း လုံးရွှေထွန်းရဲ့ ပလိုင်းထဲကပါလာတဲ့ တောင်ယာခုတ်ဓားကို ယူပြီး သူ့လည်ပင်းကို ပြန်လှီးဖြတ်ပြီး ခဏအကြာ ကျေးရွာသားတွေ လာဝိုင်းတာကြောင့် စစ်ကောင်စီတပ်သားတွေက တပ်ဝင်းအတွင်းကိုသေနတ်ဖောက်ပြီး ပြန်ဝင်သွားခဲ့ပါတယ်။ 

လုံးရွှေထွန်းက လည်ပင်းမှဓါးခုတ်ဒဏ်ရာကြောင့် အချက် ၃၀ ချူပ်ခဲ့ရပြီးကျေးသီးဆေးရုံ၌အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ခလရ ၁၃၁ တပ်က ဗိုလ်မှူးတစ်ဦးက ကျေးသီးဆေးရုံကို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လာရောက်ရာမှာလည်း ကျူးလွန်သူကို အရေးယူသွားမယ်လို့ဆိုပြီး လူမှုကွန်ရက်တွေမှာ ဒီဖြစ်စဉ်ကိုမတင်ဖို့လည်း ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *