
ဇွန်၁၂၊ဖားကန့်
ဖားကန့်မြို့နယ် ရှလောခနဲ့ အေးပြသာယာလမ်းမှာရှိတဲ့ လုပ်ကွက်ဟောင်းတစ်ခုရဲ့ ရေကန်ထဲကို ပြုတ်ကျသွားသည့် ကားတစ်စီးထဲက မိသားစုတွေကို (၄) ရက်တိုင်အထိ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ကူညီကယ်ဆေးရေးလုပ်နေသူတွေက ပြောပါတယ်။
ဖားကန့်မြို့ကို ဆေးထိုးဖို့လာတဲ့ မိသားစု(၃) ဦးစီးလာတဲ့ ကားတစ်စီးက ဇွန်လ (၉)ရက်နေ့ မနက်ပိုင်းမှ ရေကန်ထဲ ပြုတ်ကျပြီးနစ်မြှုပ်နေခဲ့တာလည်းဖြစ်ပါတယ်။
မနေ့က ဇွန်လ ၁၁ ရက်နေ့ လည်ပိုင်းမှာ ပြုတ်ကျသွားတဲ့ကားကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကားထဲက မိသားစုသုံးဦးလုံးပျောက်ဆုံးနေတဲ့အတွက် ဆက်လက်ရှာဖွေနေကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ ကားကဆယ်တက်ခဲ့ပြီးပြီး၊လူကအထဲမှာမရှိဘူး။ကယ်ဆယ်ရေးအဖွဲ့ (၃) ဖွဲ့ပေါင်းပြီးရှာနေတာ”လို့သူကဆိုပါတယ်။
ကားအတွင်း ပါသွားတဲ့မိသားစုဟာ ဖားကန့်မြို့နယ် မှော်မောင်းလျှံကျေးရွာမှာနေတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ ကိုဒီးဒီး၊ အသက် ၂၃ နှစ်အရွယ် ဇနီးဖြစ်သူ မနန်းတို့နဲ့ အတူ ၂ လသားအရွယ် သမီးလေးတယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
ပြုတ်ကျသွားတဲ့ ရေကန်က ကမ်းပါးနဲ့ အမြင့်ပေ (၃၀၀) ကျော်မှာရှိနေသလို ကန်ရဲ့အနက်ကလည်း ပေ ၄၀၀ ခန့်နက်တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။