ဝန်ထမ်းများကိုပေးထားသည့် အတိုးမဲ့ချေးငွေ စစ်ကောင်စီပြန်တောင်း

စက်တင်ဘာ ၁၀ ၊ နေပြည်တော် 

ယခင်အစိုးရက  Covid19 ပြန်လည်ကုစားရေးအတွက်  ဝန်ထမ်းများကို ထုတ်ချေးထားသည့် လစာ(၂)လစာ ကြိုတင်ထုတ်ငွေကို အောက်တိုဘာလမှ စပြီးပြန်လည်ကောက်ခံသွားရန်အတွက် စစ်ကောင်စီက ထုတ်ပြန်ထားကြောင်းသိရသည်။​

“ တောင်းပါစေ ၊ မပေးပါဘူး ၊ သူတို့ပေးထားတာမှ မဟုတ်တာ” ဟု CDMပြုလုပ်မှုကြောင့် ထုတ်ပယ်ခံထားရသည့် ဝန်ထမ်းတစ်ဦးကဆိုသည်။ 

NUG က ဝန်ထမ်းများအတွက် ထုတ်ပေးထားသည့် အတိုးမဲ့ချေးငွေများသည် ၎င်းတို့အတွက် ချီးမြင့်ငွေအဖြစ်သတ်မှတ်ထားပြီး ပြန်လည်ပေးဆပ်ရန်မလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ 

“ စာပို့တာတွေ့တယ် ၊ အရေးယူမယ်တော့ပြောတာပဲ ၊  Black list လုပ်မယ်ဆိုတဲ့သဘော၊ ပြန်ဆပ်ဖို့ အစီအစဉ်မရှိဘူး” ဟု ရှမ်းနီတိုင်းရင်းသား CDMဝန်ထမ်းတစ်ဦးက ပြောသည်။​

စစ်ကောင်စီသည် ယခင်အစိုးရလက်ထက်က Covid19 ပြန်လည်ကုစားရေးအတွက် ချထားပေးသည့် အမျိုးမျိုးသောချေးငွေများကို အာဏာသိမ်းပြီး (၂) လအကြာကတည်းက ပြန်လည်တောင်းခံခဲ့ခြင်းဖြစ်သည်။​

Covid19 ပြန်လည်ကုစားရေးအတွက် လုပ်ငန်းရှင်များအတွက်ချေးငွေ ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်း ၊ လက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်များအတွက်ချေးငွေ စသည့်ချေးငွေများကို အတိုးအရင်းပြန်ဆပ်ရန်အတွက်  ဩဂုတ်လကုန်ပိုင်းက စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *