ဩဂုတ် ၄ ၊ ဝိုင်းမော်
ဩဂုတ်လ ၃ ရက်နေ့ညပိုင်းမှစပြီး ဩဂုတ် ၄ ရက်နေ့ နံနက် (၂ ) နာရီ ထိ KIA ၊ PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်တချို့နှင့် မွေးမြူထားသည့် တိရိစ္ဆာတချို့လည်းသေခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ခလရ (၅၈) အနီးရှိ လဘန်ကျေးရွာမှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ၊ မွေးမြူရေးခြံတစ်ခုမှလည်း ဝက်များလက်နက်ကြီးမှန် သေဆုံးထားကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲမဖြစ်ပွားမှီ ဩဂုတ်လ (၃)ရက်နေ့လည်ပိုင်းက ခလရ (၅၈) အနီးရှိ နေအိမ်တချို့နှင့် ဈေးဆိုင်များ ၊ ဓာတ်ဆီဆိုင်များကို စစ်ကောင်စီတပ်က လာရောက်ရွေ့ခိုင်းထားကြောင်း အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဝိုင်းမော်မြို့ပေါ်တွင် အခြေအနေပြန်လည်တည်ငြိမ်လျှက်ရှိကြောင်း သိရသည်။