ဟုမ္မလင်းမြို့တွင် စစ်ကောင်စီကဖမ်းဆီး ခေါ်ဆောင်သွားသူ ပြန်လည်လွှတ်ပေးခဲ့ဟုဆို

စက်တင်ဘာ ၁၁ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းရပ်ကွက်ရှိ ဒေသခံလေးဦးကို  စက်တင်ဘာလ  ၈ ရက်နေ့ညက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက်  စက်တင်ဘာ (၁၀)ရက်နေ့က အားလုံးကို ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။​

စက်တင်ဘာလ  ၈ ရက်နေ့ညပိုင်းအချိန်က ဟုမ္မလင်းရပ်ကွက်ရှိ ဦးအောင်ကိုလတ် ၊ ဦးစိုးသိမ်း ( ၎င်းကိုမတွေ့၍ သူ့ဇနီး ဒေါ်ဆွေဆွေအောင် ) ၊​ဦးမင်းနီ နှင့် ဦးကျော်စိုးဦး တို့ကို ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။​

“ ပြန်လွတ်ခဲ့ပြီတဲ့ မနေ့က အားလုံး ၊ ဖောက်ခွဲရေးပစ္စည်းနဲ့ သတင်းရလို့တဲ့ ” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။ 

ဒေသတွင်း သတင်းများအရ ဦးအောင်ကိုလတ် နှင့် ဦးကျော်စိုးဦးကို ညတွင်းချင်းပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

ဒေသတွင်း မီဒီယာစာမျက်နှာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဖြင့်ဆက်စပ်သည်ဟုပြောဆိုထားသော်လည်း SNA က ၎င်းနှင့်ဖြင့် ဆက်စပ်မှုမရှိကြောင်း ရှမ်းနီအသံကို ပြန်လည်ဖြေဆိုထားသည်။ 

စစ်ကောင်စီတပ်များသည် ဟုမ္မလင်းမြိုရှိ တောင်ပေါ်ကျောင်းဆရာတော် နှင့် ဒေသခံ နှစ်ဦးကို ဇွန်လက ဖမ်းဆီးခဲ့ပြီး ၊ CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကိုလည်း ဩဂုတ်လကုန်ပိုင်းက  ဖမ်းဆီးထားခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *