ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်းတွင် မိုင်းဖောက်ခွဲခံရ

နမ့်တောစံပြကျေးရွာကို ဝေဟင်မှမြင်ရစဉ်

စက်တင်ဘာ ၁၃ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် နမ့်တောရဲစခန်းတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

ညနေ မှောင်ရီပျိုးချိန် ၆ နာရီလောက်မှာ အသံအကျယ်ကြီးကြားလိုက်တယ်။ ခဏအကြာမှာပဲ သေနတ်သံတွေထွက်လာတယ်။ မိုင်းကွဲတဲ့အသံက နမ့်တောရွာနဲ့ ပတ်ဝန်းကျင်ကရွာတွေကပါ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။ 

ထိုမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုများနှင့် မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရေသးကြောင်း ဒေသခံများက ဆိုသည်။ 

မိုင်းပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်များက သွားလာစစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိခဲ့ကြောင်းသိရသည်။​

“ ဒေသခံတွေကတော့စိုးရိမ်တာပေါ့ ၊ လွန်ခဲ့တဲ့သုံးလေးရက်ကလည်း သတင်းတွေကြားနေတယ်။ မနေ့ကတော့ ကိုယ်တိုင်ကြားလိုက်ရတာ ၊ စစ်ကောင်စီတပ်ကလည်း ဒီနမ့်တောကို မဲနေတာ ” ဟု နမ့်တောကျေးရွာသားတစ်ဦးက ပြောသည်။ 

ရဲစခန်းမိုင်းပေါက်ကွဲပြီးနောက် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေသလို ၊ စစ်ကောင်စီတပ်များကလည်း လုံခြုံရေးတိုးမြင့်ထားကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *