
ဇွန် ၁၉ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာနဲ့ ဆပ်ကယားကျေးရွာကြားမှာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မနက် အာရုံတက်အချိန်မှာ တိုက်ပွဲဖြစ်ပွားသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“မနက်ဈေးတောင်သွားလို့မရဘူး တံတာပိတ်ထားတာ။တစ်ညလုံးပါကြာနေရတာ မနက်ကငြိမ်သွားတာ။ လက်နက်ကြီးသံတွေလဲကြားရတယ်။ဘယ်ကပစ်တာလည်းတော့မသိဘူး” လို့ နောင်ပိုအောင်ရွာခံတစ်ဦးက ပြောပါတယ်။
နောင်ပိုအောင်၊ ဆပ်ကယားကျေးရွာတွေမှာ တိုက်ပွဲမဖြစ်တာ လနဲ့ချီကြာခဲ့ပေမဲ့ အခုပြန်လှည်ဖြစ်ပွားခဲ့တာလဲဖြစ်ပါတယ်။
“ဆက်ကယား နောင်ပိုအောင် ဆေးရုံဘက်လို့ပြော။ သေသေချာချာတော့မသိဘူး။ လက်နက်ကြီးသံတွေကလဲ ကြာရတယ်။ မနက် ၅ နာရီလောက်မှရပ်သွားတာ” လို့သိရပါတယ်။
တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ နောင်ပိုအောင်တံတားပိတ်ထားဆဲအခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက နောင်ပိုအောင်- နမ့်နန်း လမ်းပိုင်းမှာကျေးရွာတွေနဲ့ ရွှေပြည်အေးမြို့ကို ၂၀၂၄ ခုနှစ်ကတည်းက KIA+PDF တပ်များက ထိန်းချုပ်စိုးမိုးထားနိင်တာလည်းဖြစ်ပါတယ်။
