ဟုမ္မလင်း-ဗန်းမောက်မြို့ချင်းဆက်ကိုယ်ထူကိုယ်ထလမ်းမိုးရာသီသွားလာနိုင်ရေးပြုပြင်မှုတွေပြုလုပ်နေ

 

ဟုမ္မလင်း – ဗန်းမောက် မြို့နယ်ချင်းဆက် ကိုယ်ထူကိုယ်ထလမ်းကို မိုးရာသီမှာသွားလာနိုင်ရေးအတွက် ပြုပြင်မှုတွေ တောက်လျှောက်လုပ်နေတယ်လို့ ဟုမ္မလင်းမြို့နယ် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုကော်မတီကနေ သိရပါတယ်။ 

မိုးရွာရင် သွားလာရခက်ခဲမှုတွေကြောင့် စက်ယန္တရားကြီးတွေနဲ့ ကြားစခန်းကနေ ကားတွေကို နွံထဲက ကူဆွဲပေးတာ ၊ ပျက်စီးနေတဲ့ လမ်းပိုင်းကို ပြုပြင်တာတွေ လုပ်ဆောင်နေတယ်လို့ကော်မတီမှ စိုင်းမင်းအောင်က ပြောပါတယ်။ 

ဘက်ဟိုးတစ်စီးရယ်ကြားထဲမှာလည်းကြားစခန်းယာဉ်နားစခန်းရှိတော့ပွက်ထဲမှာနစ်နေတဲ့ကားတို့ဘာတို့တစ်ခါတစ်လေကြရင်လည်းဒီကစာပေယဉ်ကျေးမှုကရှိတဲ့တရီးကရောင်းနဲ့ပွက်ထဲကနေဆွဲထွက်ပေးရတာတို့တောင်ပေါ်ကိုဆွဲတက်ပေးရတာတို့အစစအရာရာပေါ့လေအဆင်ပြေအောင်ကူညီပေးနေတယ်ဗျလို့သူကပြောပြပါတယ်

ဇွန်လ ၂၁ ရက်နေ့က ဟုမ္မလင်း- ဗန်းမောက် လမ်းပိုင်းက နန့်ကုဒင်ချောင်းပေါ်မှာ ချောင်းကူးတံတား တည်ဆောက်မှုမပြီးသေးခင်  ကူးလူးသွားလာနိုင်ဖို့ ယာယီ သစ်သားတံတားတစ်ခုတည်ဆောက်ဖို့ စာ/ယဉ်ကတာဝန်ရှိတဲ့သူတွေ သွားရောက် လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။ 

ဟုမ္မလင်း လမ်းဟောင်းဖြစ်တဲ့ ကောလင်း – ဖောင်းပြင် -ဟုမ္မလင်း လမ်းပိုင်းက တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်လယ်ပိုင်းကစ ပိတ်ထားတာကြောင့် ဒီ ဗန်းမောက်-ဟုမ္မလင်းလမ်းကို အဓိကအဖြစ် အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။ 

ဒီလမ်းပိုင်းက မြေသားလမ်းနဲ့ တောင်ကျော်လမ်းတစ်ခုဖြစ်တာကြောင့် မိုးရွာရင် ရွံံ့နွံထူပြီးသွားလာရခက်ခဲတာလည်းဖြစ်ပါတယ်။ 

ဒီလိုအချိန်မှာ ဟုမ္မလင်းမြို့နယ်ရဲ့ နေ့စဉ်လိုအပ်နေတဲ့ ကုန်စည်တွေနဲ့ ခရီးသွားတွေကို  ဗန်းမောက်မြို့  ချောင်းကြီးချောင်းကနေ စက်လှေနဲ့ ကဲ့ယူပြီး ကူးလူးသွားလာနေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ဟုမ္မလင်းလမ်းပိုင်း အဟောင်းကို စက်သုံးဆီနဲ့ တချို့ကုန်စည်တွေက သွားလာနေမှုတွေရှိပေမယ့်  ရက်သတ္တတစ်ပတ်ကျော်အထိ ကြာမြင့်မှုနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိတယ်လို့ လမ်းဟောင်းသွားလာနေတဲ့ ကုန်သည်တချို့ဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *