အကြမ်းဖက်မှုပုဒ်မတွေနဲ့  လွတ်ပေးသူ  (၇ )ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်းရရှိသေးတယ်လို့ AAPP ဆို 

မတ်လ ၃၊ ရန်ကုန်

အကြမ်းဖက်မှုပုဒ်မတွေနဲ့  လွတ်ပေးသူ  ၇ ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်းရရှိသေးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP )က ဆိုပါတယ်။ 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ပုဒ်မ ၅၂ (က) တို့ အကျဉ်းချခံထားရသူ အကျဉ်းသား (၇၃၃၇ ) ဦးကို မနေ့က မတ်လ (၂ )ရက်နေ့ တောင်သူလယ်သမားနေ့မှာ လွတ်ပေးခဲ့ပြီး  လွတ်မြောက်သူစာရင်းများအရ အကျဉ်းထောင် (၉) ထောင်မှ (၂၄၆)  ဦးရဲ့ စာရင်းသာရရှိထားကြောင်းဆိုပါတယ်။ 

မနေ့က ညနေ (၄ ) နာရီ အထိ ကောက်ယူထားတဲ့ စာရင်းဖြစ်တယ်လို့သိရပြီး အဲဒီထဲမှာမှ (၁၀၄)  ဦး ရဲ့ အမည်စာရင်းကိုသာ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့ မတ်လ ၃ ရက်နေ့ နေ့ခင်း(၁) နာရီအတွင်း အကျဉ်းထောင် (၃၁ ) ခုမှ အကျဉ်းသား (၃ )ထောင်ကျော်ဝန်းကျင် ကိုလည်း ထပ်မံလွတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

AAPP ကတော့ လွတ်ငြိမ်းစာရင်းတွေကိုအတည်ပြုနေဆဲဖြစ်ပြီး ဒီအပတ်အတွင်း ထပ်လွတ်ဖို့ရှိအုံးမလားဆိုတာ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်ကစလို့   လက်ရှိအချိန်အထိ  ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ စုစုပေါင်း ( ၂၂၃၅ ) ဦးရှိပြီး ဒီအရေအတွက်ထဲတွင် အကျဉ်းထောင်များအတွင်း သေဆုံးသူ (၁၉၇) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *