





နိုဝင်ဘာ ၂၁ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသက နန့်မွန်းမြို့ နဲ့ အင်းမြှီးဒေသက ကျေးရွာတွေမှာ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးပွဲတော်နဲ့ ရိုးရာကောက်ဦးဆွမ်းကပ်လှူပွဲတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲနဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲတွေကို ရပ်နားပြီး ကျေးရွာအလိုက် အကျဉ်းချုံးသာကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီနှစ်မှာလည်း နှစ်သစ်ကူးညမှာ မီးပုံပွဲကို နန့်မွန်းမြို့ရှမ်းနီ လူငယ်ကော်မတီကဦးဆောင်ခဲ့ပြီး ကောက်ဦးဆွမ်းအတွက်ကတော့ နန့်မွန်းမြို့ရှမ်းနီ စာ/ယဥ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အင်းမြှီးဒေသက ပန်းလားကျေးရွာမှာလည်း ဆရာတော်တွေနဲ့ ကောက်ဦးဆွမ်းကပ်လှူမှုတွေကိုသာ ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်ဆရာတော်က မိန့်ကြားပါတယ်။
အခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်နဲ့ ရှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်ပွဲတွေကို ရှမ်းနီဒေသထက်ဝက်ကျော်မှာ ကျင်းပပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
