အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အဝင် တောင်ခြေအနီး စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အဝင် တောင်ခြေအနီး ( ၁၄ မိုင်- ဒေသအခေါ်) တွင် ယနေ့ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

“​ စစ်ကားနှစ်စီးတက်သွားပြီးတော့ အသံနှစ်ချက်ကြားလိုက်တယ်။ အဲ့နောက်မှာ သေနတ်သံ ၁၀ ချက်လောက်ကြားတယ် ။ ခဏနားပြီးတော့ သေနတ်သံ လေးငါးချက်ပြန်ကြားတယ်​” ဟု နမ့်မွန်း ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုသတင်းများကို ဒေသခံများမကြားမိကြောင်း ပြောဆိုကြသည်။

ထိုမိုင်းကွဲသည့်နေရာတွင် မြေသားအနည်းငယ် ပြိုပျက်နေကြောင်း သွားကြည့်ရှုခဲ့သည့် ဒေသခံများက ရှမ်းနီအသံကိုပြောဆိုသည်။

ထိုမိုင်းခွဲမှုသည် မည်သည့်အဖွဲ့အစည်းလုပ်ဆောင်သည်ကို မသိရသေးပေ။

ဖားကန့်မြို့အင်တာနက်ဖြတ်တောက်ခံရပြီးနောက် အင်းတော်ကြီးဒေသတွင်လည်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု ပိုမိုများလာခဲ့ကြောင်း သိရသည်။ ( အင်းတော်ကြီးဒေသသည် ဖားကန့်မြို့နယ်နှင့် ထိစပ်နေသည်)

Leave a Reply

Your email address will not be published. Required fields are marked *