အင်းတော်ကြီးဒေသ အဝင်ဆိုင်းဘုတ် ရှမ်းနီဘာသာဖြင့် ရေးထိုး

ဇန်နဝါရီ ၂ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသအဝင် ရှမ်းနီဘာသာနဲ့ ရေးထိုးထားတဲ့ ဆိုင်းဘုတ်ဖွင့်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နနဝါရီလ ၁ ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အင်းတော်ကြီးဒေသ နန့်မွန်းတောင်ထိပ်မှာ ဒေသအဝင် ဆိုင်းဘုတ်ကို မြန်မာဘာသာ နှင့် ရှမ်းနီဘာသာ နှစ်ဘာသာဖြင့်  သမိုင်းအရနာမည်ဖြစ်တဲ့ စည်ခမ်းမြို့ ဆိုတာကို ရေးထိုးထားတာဖြစ်ပါတယ်။ 

ဒေသအဝင် ဆိုင်းဘုတ်ကို ၂၀၂၄ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အင်းတော်ကြီးဒေသရှိ ဌာနေပြည်သူ့စစ်များက ဦးစီးပြီး ဆီလုပ်ငန်းရှင်တွေနဲ့ ဒေသခံများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

အင်းတော်ကြီးဒေသဟာ ယူနက်စကိုရဲ့ လူသားနှင့် ဇီဝအဝိုင်းအဝန်းနယ်မြေအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသရဲ့ ရှမ်းနီဘာသာနဲ့ ရေးသားထားတဲ့ သမိုင်းထဲမှာ သာသနာ (၂၆၄ ) ခုနှစ်မှာ  ဥတ္တရဌာနီ စည်ခမ်းမြို့ကို  တည်ထောင်ပြီး  မြို့သက်တမ်း (၉၆) နှစ် ကြာသောအခါ သာသနာနှစ် (၃၆၀ ) နှစ် ရှိချိန်တွင် စည်ခမ်းမြို့တော်ကို နဂါးများဖျက်ဆီးအင်းဖွဲ့တယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *