အင်းတော်မြို့နယ်မံထုံတောင်ကြီးနဲ့မင်းကုန်းကျေးရွာမှာ PDF နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲပြင်းထန်နေတဲ့ မင်းကုန်းကျေးရွာကို ​Google Map ကတွေ့ရပုံ

ဧပြီ ၂၉ ၊ အင်းတော်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မံထုံတောင်ကြီး နဲ့ မင်းကုန်းကျေးရွာမှာ ဒီနေ့ နေ့လည်ပိုင်းကနေစပြီး PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

“ မံထုံတောင်ကြီးရယ် အင်းတော်မင်းကုန်း အဲ့ကြားထဲဖြစ်နေကြတယ်။ လက်နက်ကြီးတွေနဲ့ချနေကြတာ အခုချိန်ထိတဲ့ တစ်နာရီခွဲလောက်ကစဖြစ်တယ်တဲ့၊ တိုက်ပွဲကပြင်းတယ်ပြောတာပဲ အဲ့နားကရွာသားအသိကိုငါမေးတော့ အဲ့ကောင်မလေးက ကျွန်မတို့တောင်ပြေးနေရပြီလို့ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒီီနေ့ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီးတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးကကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီလို့လည်း ပြောဆိုပါတယ်။ 

ဒီရက်ပိုင်းမှာ PDF တွေက မံထုံတောင်ကြီး ၊ မင်းကုန်း ၊ နတ်စင်ကျွန်း စတဲ့ကျေးရွာတွေမှာ ခတ္တအခြေချမှုတွေရှိနေတာကြောင့် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ဖြစ်တဲ့ အင်းတော်မြို့နယ် ၊ ကသာမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *