အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက်သမ္မတ သမ္မတဟောင်းဒေါ်နယ်ထရမ့်ဖြစ်လာ

နိုဝင်ဘာ ၆ ၊ ဝါရှင်တန် 

အကြိတ်အနယ်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲဟာ  မြန်မာစံတော်ချိန်မွန်းလွှဲပိုင်းမှာ သမ္မတလောင်း ဒေါ်နယ်ထရန့်က မဲအရေအတွက် အနိုင်ရရှိသွားပြီလည်းဖြစ်ပါတယ်။ 

၀၁၇ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဖြစ်ခဲ့ဖူးတဲ့  သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ  ၂၀၂၁ ခုနှစ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး  ယခု ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ် သမ္မတဖြစ်ရန်သေချာနေပါပြီလဲဖြစ်ပါတယ်

အကြိုမဲရလဒ်များအရ အနိုင်ရဖို့ သေချာနေပြီဖြစ်တဲ့ ထရမ့်က သူ့ကိုထောက်ခံတဲ့ ရီပါဘလစ်ကန်တွေရဲ့ အနိုင်ရရှိမှုက ကြီးကျယ်ခမ်းနားလှကြောင်းပြောဆိုထားပါတယ်။

ဒါ့ပြင် နိုင်ငံတော်ကြီးရဲ့ အပြစ်အနာဆာတွေကို  ပြန်လည်ကုသပြင်ဆင်ဖို့ သူတို့တွေရဲ့လက်ထဲရောက်ရှိလာပြီဖြစ်ကြောင်းလဲ ထပ်ဆောင်းပြောဆိုထားပါတယ်။

ရီပါပလစ်ကန် မဲဆွယ်စည်းရုံးရေးတွင် ဒေါ်လာ သန်း ၁၂၀ ထည့်ဝင်ခဲ့သော ကမ္ဘာ့အချမ်းသားဆုံးထိပ်တန်းစာရင်းဝင် Tesla Motors ,  CEO ဖြစ်တဲ့ Elon Musk ကို ချီးကျူးပြောဆိုခဲ့ပြီး အစိုးရရဲ့ထိရောက်မှုကော်မရှင် (efficiency commission) ကို ဦးဆောင်စေမည်ဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းမှာ  ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာဖော်ပြထားပါတယ်။ 

အိန္ဒိယနွယ်ဖွား လူမည်းအမျိုးသမီးဖြစ်တဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်း ကမ်မလာဟဲရစ်နှင့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ရဲ့  သမ္မတရွေးချယ်ခံပြိုင်ဆိုင်မှုဟာ အကြိတ်အနယ်ရှိနေခဲ့ပြီး ပြိုင်ဆိုင်မှုတွေဟာ သမိုင်းတလျှောက်အတော်ပြင်းထန်တဲ့ ရွေးကောက်ပွဲလည်းဖြစ်ခဲ့ပါတယ်။ 

သမ္မတရွေးချယ်ရမှာအဆုံးဖြတ်ပေးနိုင်တဲ့ swing states များအပါဝင် ပြည်နယ် ၅၀ မှာ သမ္မတထရမ့်က ပြည်နယ် ၃၀ ကို အသာစီးဦးဆောင်အနိုင်ရရှိနေတာလဲဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းမဲဆွယ်စည်းရုံးရေးမိန့်ခွန်းမှာ  နောက်ထပ်တစ်ကြိမ်ရွေးချယ်ခံရမယ်ဆိုရင် ယူကရိန်းနှင့် ရုရှားစစ်ပွဲကို အဆုံးသတ်နိုင်အောင်ပြုလုပ်ပေးသွားမယ်လို့ ဂတိစကားတွေရှိခဲ့ပြီး အမေရိကန်ကို ထပ်မံကြီးမြတ်အောင်တည်ဆောက်သွားမယ်လို့လဲ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *