အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA အပြီးသတ်သိမ်းပိုက်

ဇူလိုင် ၂၅ ၊ လားရှိူး

လားရှိူးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကြေညာလာပါတယ်။

အရှေ့မြောက်ပိုင်းစစ်ဒေသ ဌာချုပ်ကို ဇူလိုင် ၂၅ ရက်နေ့ နံနက် ၄ နာရီမှာ လုံးဝအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိူးမြို့လုံးဝလွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်”​ လို့ ကြေညာထားပါတယ်။

လားရှိူးမြို့သိမ်းတိုက်ပွဲကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာမှာ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ဌာနချုပ် သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၉၇၂ ခုနှစ် ဇူလိုင်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အကြာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *