အောက်တိုဘာ ၁၆ ၊
လာမယ့် အာဆီယံထိပ်သီးညီလာခံကို စစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်ချက်ချခဲ့ကြသည်။
အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ်မည့် ၃၈-၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲ ကို မဖိတ်ကြားရန်အတွက် ဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။
အာဆီယံက စစ်ကောင်စီ ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုသော်လည်း နိုင်ငံရေးနှင့် ပတ်သတ်ဆက်နွယ်ခြင်း မရှိသူကို ဆွေးနွေးပွဲတက်ရောက်ခွင့်ပြုပေးခဲ့သည်။
အာဆီယံက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက် (၅) ချက်ပါသည့် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် သဘောတူထားသော်လည်း အာဆီယံအထူးသံအမတ်က မြန်မာနိုင်ငံကို လာရောက်ရေးအတွက် ငြိနှိုင်းမရဖြစ်နေသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို NUG အစိုးရဘက်ကလည်း တက်ရောက်ရန်ကမ်းလှမ်းမှုများရှိကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီက ၎င်းတို့တက်ရောက်ခွင့်မရသည့်အပေါ် အာဆီယံ၏ မူဝါဒ အားနည်းသွားသည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ထားသည်။