ရွေးကောက်ပွဲပြီး တစ်လကျော်ကြာသော်လည်း ပျောက်ဆုံးနေသည့် မဲရုံစာရင်းစစ်တာဝန်ထမ်းဆောင်သည့်ကျောင်းဆရာတစ်ဦးကိုပြန်မတွေ့သေး

ပျောက်ဆုံးနေသည့် ဆရာအောင်ရဲထွေး၏ နေအိမ်

ဝ၂ဝ အထွေထွေရွေးကောက်ပွဲပြီး တစ်လကျော်ကြာသော်လည်း နောင်မွန်းမြို့နယ်တွင် မဲစာရင်းစစ်တာဝန်ထမ်းဆောင်ရန်သွားသည့် ကျောင်းဆရာ ရဲထွေးအောင် ပျောက်ဆုံးနေမှုကို ရှာမတွေ့သေးကြောင်း မိသားစုထံမှသိရသည်။

“ ဘယ်လိုခံစားရလဲဆိုတော့ သူ့မှာကျွန်မတို့အိမ်သားထဲမှာရှိသေးတာပါ့အေ။ ပြန်လာဖို့အရေးဆို‌ောတ့ သူများဆီမှာကြည့်ကြတာပေါ့ ( ဗေဒင်ကြည့်) ၊ သူ့အတွက်ယတ္တရာလုပ်ပေးတာပေါ့ ။ အခုချိန်ထိလည်း ကိုယ့်အသိတွေထဲကလည်း ကြည့်ပေးနေတယ် ။ သူအသက်ရှင်နေသေးတယ်ဆိုတာပဲထွက်နေတယ်။” ဟု ၎င်း၏ မိသားစုဝင် မကြူကြူအေးက ဆိုသည်။

ဒီဇင်ဘာလ (၆) ရက်နေ့တွင် ၎င်းပျောက်ဆုံးမှုတစ်လပြည့်ခဲ့ပြီး ဒီဇင်ဘာလ (၇) ရက်နေ့တွင် ပျောက်ဆုံးနေမှုကို ရည်ရွယ်ပြီးမိသားစုများက ဒါနကောင်းမှုပြုလုပ်ပေးခဲ့ကြသည်။

ထို့အပြင် လူမှုရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဌာန နှင့် ပူတာအိုခရိုင်မှာ ပညာရေးဌာနများက စုပေါင်းပြီး ပညာရေးထောက်ပံ့ရေး နှစ်ဆယ့်တစ်သိန်းကျော်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ (၁ဝ) သိန်းကျပ် လာရောက်ပေးခဲ့ကြောင်းသိရသည်။

ဆရာဦးရဲထွေးအောင်သည် ကချင်ပြည်နယ် နောင်မွန်းမြို့နယ် ပန်နန်ဒင်မြို့ရှိ မဲရုံအမှတ်(၂၂) ဒဇုံဒမ်ကျေးရွာတွင် မဲစာရင်းစစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

၎င်းသည် ယခုနှစ်မှာ ပညာရေးဝန်ထမ်းစဖြစ်ပြီး နောင်မွန်မြို့နယ် တဆူထုကျေးရွာအလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည်။

“ ပညာရေးဘက်ကတော့ အခုထိပျောက်ဆုံးဆိုတာနဲ့ဘဲရှိနေသးတယ်။ သူတို့ဘက်ကလည်း တတ်နိုင် သလောက်ရှာပေးနေတယ်လို့ပြောတယ်” ဟု မကြူကြူအေးကဆိုသည်။

ထိုဖြစ်စဉ်ကို ရဲများက မိသားစုများကို အကြောင်းကြားမှုတွင် ဓာတ်ပုံရိုက်ရင်းမှ ကျောက်တုံးပေါ်မှ လျှောကျကာ ရေထဲကျသွားသည်ဟုပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *