ဟုမ္မလင်းနဲ့ဗန်းမောက်မှာလမ်းကြောပိတ်ဆို့မှုတွေကြောင့်စက်သုံးဆီစျေးနှုန်းခုန်တက်လာ

မေ ၂၃ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီအဝင်နည်းလာနေပြီး စျေးနှုန်းတွေလည်း ရုတ်တရက်မြင့်တက်လာခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ 

မေလ ၁၅ ရက်နေ့မှာ စက်သုံးဆီ တစ်ပေပါ ကျပ် ၁၃ သိန်းတာရှိပြီး လက်ရှိမှာ တစ်ပေပါ ၁၈ သိန်းကျပ်အထိ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ 

စက်သုံးဆီသယ်ကားတွေဟာ မိုးရွာသွန်းမှုတွေကြောင့် လမ်းပိုင်းတွေပျက်စီးပြီး နှောင့်နှေးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုတွေကြောင့်လည်း ပါဝင်တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။ 

“ ဆီတွေပြတ်တာဟုတ်တယ်။ ဟုတ်တယ်ဗျ။ စက်သုံးဆီတွေတော်တော်ပျက်လပ်နေတယ်။ PDF တွေက အဓိက မိန်းလမ်းတွေကို ပိတ်ထားတာ။ ကွင်းလမ်းတွေကနေ ပိတ်ထားတာ ၊​ ကျွဲကောကြီး၊ ခေါင်းကိုက်ဘက်ကနေ ။ အဲ့ဘက်ကတွေက လမ်းမကောင်းဖြစ်နေတာ။ ဗန်းမောက်ဘက်ကို ဆီအဝင်နည်းနေတာလေ။  ကွင်းလမ်းတွေက လွတ်လပ်လပ်လပ် သွားလို့မရဘူးလေ။” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာလည်း ဗန်းမောက်မြို့ပေါ်နဲ့ အနောက်ခြမ်းဒေသတွေဆီကို စက်သုံးဆီသယ်ယူခွင့်ကို ဗန်းမောက် ပကဖ တွေက ပိတ်ပင်ထားပြီး သယ်ယူမှုတွေကိုအရေးယူသွားမယ်လို့လည်း မေလလယ်မှာ ထုတ်ပြန်ထားပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ တစ်ရက် စက်သုံးဆီ ဂါလံတစ်သိန်းခွဲကျော်လိုအပ်ပေမယ့် ထက်ဝက်ခန့်သာ  ဝင်ရောက်နိုင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာလည်း စက်သုံးဆီဂါလံ သုံးသိန်းနီးပါးရဲ့ ရာခိုင်နှုန်းအနည်းငယ်သာ ဝင်ရောက်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဖောင်းပြင်-နောင်ပိုအောင် လမ်းပိုင်းမှာလည်း လမ်းပိုင်းပြုပြင်မည်ဟုဆိုကာ  ပိတ်ထားမှုကြောင့် ဟုမ္မလင်းမြို့နယ်  ရွှေလုပ်ငန်းရှင်များ စက်သုံးဆီ ဈေးမြင့်တက်မှုတွေနဲ့ရင်ဆိုင်နေကြရတာပါ။ 

စက်သုံးဆီအခက်အခဲတွေကြောင့် လုပ်ငန်းရှင်တချို့ အခုရက်ပိုင်းအတွင်း လုပ်ငန်းရပ်နားမှုတွေလည်းရှိလာနေတယ်လို့ စုံစမ်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *