အင်းတော်မြို့တွင် လက်နက်ကြီးဒရုန်းထိမှန်ခဲ့မှုကြောင့် ပညာရေးဝန်ထမ်း (၃) ဦးထိခိုက်ဒဏ်ရာရရှိ

မေ ၁၄ ၊ အင်းတော်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း( ခွဲ) (အောင်ဇေယျ)ဝန်းအတွင်းမှာ လက်နက်ကြီး FPV Suicide Drone ထိမှန်ခဲ့မှုကြောင့် ပညာရေးဝန်ထမ်း (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့  စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မေ (၁၂) ရက်နေ့က မနက် (၁၁) နာရီ ၄၅ မိနစ်အချိန်တွင် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အင်းတော်မြို့ရဲ့ အနောက်ဘက် မီတာ ၂၆၀၀ ခန့် အကွာကနေဒရုန်း(၂) စင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့(KIA+PDF)ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

မူလတန်းကျောင်းအုပ်ဆရာ (၁) ဦးနဲ့ ရုံးဝန်ထမ်း (၂) ဦးဗုံးစမှန် ထိခိုက်ခဲ့ပြီးကျန်းမာရေးစောင့်ရှောက်မှု များခံယူနေရတယ်လို့ ဆိုထားပါတယ်။

ဆရာ/ဆရာမ များနဲ့ ရုံးအဖွဲ့ များက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် အတွက် ကျောင့်ဖွင့်ကာလအမှီ ကျောင်းသား/သူများ ကျောင်းအပ်နှံရန်နဲ့ စာသင်ခန်းများနဲ့ သင်ထောက်ကူကစ္စည်းများကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေချိန်တွင် ထိမှန်ခဲ့တာလို့ သိရပါတယ်။

မနေ့က မေ(၁၃)ရက်နေ့မှာလည်း မြို့နယ်ထဲက နဘားကြီးကျေးရွာမှာ အမျိုးသား (၃) ဦး မိုင်းနင်းမိပြီး တစ်ဦး သေဆုံးကာ (၂ ) ဦးကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့  အနီးနေထိုင်သူများက ဆိုပါတယ်။

အင်းတော်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီ(၇)) ရက်နေ့မှာ တော်လှန်ရေးတပ်များက တစ်နှစ်ကြာအထိ သိမ်းယူထားခဲ့တာဖြစ်ပြီး ယခုနှစ် ၂၀၂၆ ၊ ဧပြီ ၃၀ ရက်နေ့မှာတော့ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် အစိုးရဌာနမှ Non CDM ဝန်ထမ်းများခေါ်ဆောင်ကာ အစိုးရအသစ်ရဲ့ အုပ်ချုပ်ရေးယန္တရားများဖြင့် ပြန်လည် လည်ပတ်နေဖို့ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *