အမေရိကန်သမ္မတ နဲ့ တရုတ်သမ္မတတို့ “ အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေး” တည်ဆောက်ရေး သဘောတူ 

မေ ၁၄ ၊ ပေကျင်း 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်သမ္မတရှီနဲ့တွေ့ဆုံခဲ့ကြပြီး “ အပြုသဘောဆောင်ပြီး မဟာဗျူဟာမြောက် တည်ငြိမ်တဲ့ ဆက်ဆံရေး’ အဖြစ် တည်ဆောက်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

လာမယ့် သုံးနှစ်နဲ့ အဲ့ထက်မကတဲ့ ကာလတွေအထိ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်လိမ့်မယ်” လိုဆိုပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ဖော်ပြထားချက်အရ နှစ်နိုင်ငံစီးပွားရေးနဲ့  ကုန်သွယ်ရေးအဖွဲ့တွေဟာ  “ယေဘုယျအားဖြင့် မျှတပြီး အပြုသဘောဆောင်သည့် ရလဒ်တစ်ခုသို့ ရောက်ရှိခဲ့ပြီ” ဖြစ်ကြောင်း ရှီကျင့်ဖျင်က ထရမ့်ကို ပြောကြားခဲ့ပြီး၊ နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် “ခဲခဲယဉ်းယဉ်း ရရှိထားတဲ့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားဖို့” အတူတကွ လက်တွဲလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားပါတယ်။ 

တရုတ်နိုင်ငံရဲ့ တံခါးဖွင့်ဝါဒဟာ နောက်ဆုတ်မှာမဟုတ်ဘဲ ပိုလို့တောင် ကျယ်ပြန့်လာဦးမှာဖြစ်ကြောင်း၊ အမေရိကန်ကုမ္ပဏီတွေအနေနဲ့လည်း တရုတ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်နေတာကိုကြိုဆိုတယ်လို့ပြောပါတယ်။ 

“နိုင်ငံ့ခေါင်းဆောင်နှစ်ဦးသည် အရှေ့အလယ်ပိုင်းအခြေအနေ၊ ယူကရိန်းအကျပ်အတည်းနှင့် ကိုရီးယားကျွန်းဆွယ်အခြေအနေ အပါအဝင် အဓိကနိုင်ငံတကာနှင့် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

Nvidia CEO Jensen Huang၊ Tesla CEO Elon Musk နှင့် Apple CEO Tim Cook တို့ဟာ ထရမ့်ရဲ့ ပေကျင်းခရီးစဉ်မှာ လိုက်ပါလာခဲ့တဲ့  အမေရိကန်စီးပွားရေးခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနရဲ့ အဆိုအရ ရှီက ထရမ့်နဲ့ဆွေးနွေးစဉ် “ထိုင်ဝမ်ပြဿနာသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံးကိစ္စဖြစ်သည်” ဟု ပြောကြားထားပါတယ်။ 

သမ္မတ ထရန့်ဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံကို ပထမအကြိမ်ရောက်ရှိခဲ့ပြီး လက်ရှိခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *