ကျားနီပါတီ (၁၄ ) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို မိုးညှင်းမှာပြုလုပ်

မေ ၁၁၊ မိုးညှင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) (ကျားနီပါတီ) ရဲ့ (၁၄ ) နှစ်ပြည့်အခမ်းအနားကို မနေ့က မေလ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို ပါတီဗဟိုရုံးချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပါတီဥက္ကဌနဲ့ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်မြို့နယ်ကပါတီဝင်များ ၊ကိုယ်စားလှယ်များ တက်ရောက်သလို ဒေသခံများလည်း ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ကျားနီပါတီရဲ့လှုမှုကွန်ရက်စာမျက်နှာကနေ ဝေမျှဖော်ပြထားပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့ ကျေးရွာဒေသများအနေနဲ့ လိုအပ်ချက်များကို ပါတီကိုယ်စားလှယ်များထံအချိန်မရွေးသတင်းပေးပြီး ဆွေးနွေးအကူအညီ တောင်းခံရယူနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဒီအခမ်းအနားကို ရှမ်းနီယဉ်ကျေးမှုအဖွဲ့ဝင်များက ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးကောင်းနဲ့ နမ္မတီးမြို့နယ်တွေမှာ ပါတီကိုယ်စားလှယ်များက ဒေသခံများနဲ့ တွေ့ဆုံကာ ကျေးရွာများရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့တယ်လို့လည်း ဒေသခံများထံမှ သိရပါတယ်။

ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူစနစ်ဖြင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ ဦးစိုင်းတင်အောင်၊ အချိုးကျစနစ်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဦးစိုင်းစိန်လွင်ဦး ၊ ပြည်နယ်လွှတ်တော်နေရာမှာ ဦးဉာဏ်ထွန်း နဲ့ ဦးဇင်မောင်လွင်တို့က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *