မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သိသိသာသာပျက်ကွက်တဲ့ တိုင်းပြည်စာရင်းထဲ မြန်မာပါဝင် 

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီးရမိသည့် သမိုင်းတလျှောက်အကြီးမားဆုံးသော မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ / Credit

စက်တင်ဘာ (၁၇) ၊ ဝါရှင်တန် 

အမေရိကန်က ပြီးခဲ့တဲ့ (၁၂ )လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ အထင်အရှားပျက်ကွက်ခဲ့တဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ထားပါတယ်။

ကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်ကိုပေးပို့တဲ့ စာထဲမှာ မြန်မာ ၊ အာဖရိကန်နစ္စတန်၊ ဘိုလီဗီးယား၊ ကိုလန်ဘီယာ နိုင်ငံတွေက ဒီစာရင်းထဲပါဝင်တာဖြစ်ပါတယ်။

“ မြန်မာနိုင်ငံမှာ စစ်တပ်က မူးယစ်ဆေးဝါးစီးပွားရေးကို တားဆီးနှိမ်နင်းဖို့ ထင်ရှားတဲ့ ကြိုးပမ်းမှု အနည်းငယ်သာ ပြုလုပ်ထားတယ်” လို့ အမေရိကန်က သတ်မှတ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါကြောင့် အမေရိကန်က မြန်မာနိုင်ငံဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ အထင်အရှား ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ ထပ်မံသတ်မှတ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး အဓိကဖြတ်သန်းရာနိုင်ငံ/အဓိကထုတ်လုပ်ရာနိုင်ငံ စာရင်းထဲထည့်ထားတဲ့အပြင် တရုတ်၊အိန္ဒိယ တို့လည်း ဖြတ်သန်းရာနိုင်ငံစာရင်းတွေထဲပါဝင်နေတာဖြစ်ပါတယ်။ 

မြန်မာဟာ  ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာပြီး၊ မက်သာဖက်တမင်း (methamphetamine) ထုတ်လုပ်မှုမှာလည်း အဓိက ပေးသွင်းသူနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

မနေ့ကပဲ  ၂၀၂၆ ခုနှစ်အတွက် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး ကို မြန်မာက ပြုလုပ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံဟာ  လူလုပ်မူးယစ်ဆေးဝါးပြဿနာများနဲ့ တိုးမြှင့်ရင်ဆိုင်နေရပြီး တိုက်ဖျက်ရေးအတွက် တိုင်း/ပြည်နယ်မှ ကျေးလက်ဒေသအဆင့်အထိ အဖွဲ့များကိုဖွဲ့စည်းထားပြီဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *