CDM ဆရာ/မများ ၊ ကျောင်းသား/သူများနဲ့ ပညာရေးဝန်ထမ်းတွေကို မော်ကွန်းဝင်တော်လှန်ပညာ သူရဲကောင်းအဖြစ် NUG ပညာရေးဝန်ကြီးဌာန သတ်မှတ်ဂုဏ်ပြုကြောင်း စက်တင်ဘာ (၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူများ ၊ သတ်ဖြတ်ခံရတဲ့ နဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သော CDM ဆရာမများ ၊ ပညာရေးဝန်ထမ်းများ ၊ ကျောင်းသား/သူများကို သတ်မှတ်ဂုဏ်ပြုကြောင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလုပ်ရှားမှုတွေမှာ ပညာရေးဌာနက တခြားသော ဌာနတွေထက် လူဦးရေအများဆုံးလည်းဖြစ်ပါတယ်။
တစ်နှစ်ကျော်ကာလအတွင်းမှာ NUG က CDM ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးနိုင်တာ သိန်းငါးထောင်ကျော်ရှိပြီး စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ထောက်ပံ့ပေးနိုင်သေးတယ်လို့ ပညာရေးဒုဝန်ကြီးက ပြောဆိုထားပါတယ်။
NUG ပညာရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ CDM ပြုလုပ်ထားတဲ့ ဆရာ/မ စာရင်းက တစ်သိန်းတစ်သောင်းခြောက်ထောင်ကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စာရင်းကောက်ခြင်းယူနိုင်ခြင်းမရှိသေးတဲ့ CDM များစွာလည်းရှိနေတယ်လို့ ဆိုပါတယ်။