PDF တွေဖမ်းဆီးသွားတဲ့ဗန်းမောက်ရှမ်းနီလူငယ်ကွန်ရက်ဒုဥက္ကဌပြန်လည်လွတ်မြောက်လာ 

ဇွန် ၂၃ ၊ ဗန်းမောက် 

PDF တွေ ဇွန်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးသွားတဲ့ ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဌလည်းဖြစ် ရှမ်းနီစာပေ ဗန်းမောက်တောင်ပိုင်းတာဝန်ခံလည်းဖြစ်သူ စိုင်းကျန်အောင် (ခ)ဆေလိုင်းကို ဒီနေ့ညနေမှာ ပြန်လွတ်ပေးခဲ့တယ်လို့ လူငယ်ကွန်ရက်အဖွဲ့ (ဗန်းမောက်) ကအတည်ပြုပါတယ်။

သူ့ကို PDF အဖွဲ့တွေ စတင်ဖမ်းဆီးသွားတဲ့ မံကပ်ကျေးရွာမှာပဲ ဗန်းမောက်မြို့နယ်ရှမ်းနီစာပေနဲ့ယဉ်ကျေးမှု ကော်မတီက အတွင်းရေးမှူး စိုင်းထွန်းမြင့်နဲ့အဖွဲ့က သွားရောက်ကြိုခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

(၅) ရက်ကြာဖမ်းဆီးမှုမှာ သူ့ကို စစ်ဆေးမေးမြန်းတဲ့အခါ ကြိုးတုပ်ပြီး ဦးခေါင်းနဲ့ ဝမ်းဗိုက် မျက်နှာနဲ့ နောက်ကျောတွေကို ကန်ကြောက်ရိုက်နှက်ထားတာကြောင့် ဆေးကုသမှုခံယူရမယ်လို့လည်း သူ့မိသားစုတွေဆီကနေသိရပါတယ်။

သူ့ကို ဇွန်လ ၂၁ ရက်နေ့ကတည်းက လွတ်ပေးလိုက်တဲ့အကြောင်း NUG သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပေမယ့် ဒီနေ့မှ ပြန်လွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းနီလူငယ်ခေါင်းဆောင်ကို ပြန်လွတ်ပေးဖို့အတွက် ရှမ်းနီ အရပ်ဘက်အဖွဲ့အစည်း နှင့် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *