SNLD ပါတီနဲ့ NLD ပါတီတို့ပါတီဖျက်သိမ်းနိုင်တဲ့ပုဒ်မနဲ့ခြိမ်းခြောက် 

စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့က သတ်မှတ်ရက်တွေအတွင်း စာရင်းတွေစစ်ဆေးမှုတွေမခံယူခဲ့ကြောင်း မနေ့ ဖေေဖာ်ဝါရီ (၂၃) ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ (၁၄​) ရက်နေ့ကနေ (၁၈) ရက်နေ့အတွင်း သူတို့ဆီကို သွားရောက်အစစ်ဆေးခံဖို့  ထိုပါတီနှစ်ခုဆီကို အသိပေးဆက်သွယ်ခဲ့ကြောင်း ဆိုပါတယ်။ 

SNLD ပါတီက သူတို့ဆီကို သွားရောက်အစစ်ဆေးခံဖို့မရှိပဲ ရုံးချုပ်ရှိရာကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့က  လာရောက်စစ်ဆေးဖို့သာ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။ 

ဒီလို စစ်ဆေးမှု ခံဖို့ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (ဂ) ၊ (​ဃ)၊(င) တို့နဲ့ အရေးယူသွားနိုင်တယ်လို့ ဆိုပါတယ် ။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(ဂ)အရ ညွှန်ကြားတဲ့အတိုင်းပျက်ကွက်မယ်ဆိုရင် ပါတီကို ၃ နှစ်အထိ ယာယီရပ်ဆိုင်းနိုင်တယ်လို့ ကော်မရှင်ဘက်က သတိပေးထားပါတယ်။ 

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က စစ်ဆေးခံဖို့အတွက် နောက်ထပ်ရက်ချိန်းတစ်ခုဖြစ်တဲ့ မတ်လ ၉ ရက်နေ့မတိုင်မှီ စစ်ဆေးမှုခံဖို့ ပြောဆိုထားပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်က ပါတီဝင်အင်အား ၊  ပါတီပိုင်ရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်း  ထိန်းသိမ်းခြင်း၊  သုံးစွဲခြင်း ၊ စစ်ဆေးခြင်းနဲ့  စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊  ပါတီဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့် အညီ  စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *