ကချင်ပြည်နယ်မှာဖေဖော်ဝါရီလတစ်လအတွင်းကိုဗစ်ကူးစက်သူသုံးထောင့်သုံးရာကျော်ရှိ 

အင်းတော်ကြီးဒေသမှာ testkit နဲ့ ကိုဗစ်စစ်ဆေးနေစဉ်

ဖေဖော်ဝါရီ ၂၈ ၊ မြစ်ကြီးနား

ကချင်ပြည်နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း ကိုဗစ်ကူးစက်သူ သုံးထောင့်သုံးရာခုနှစ်ဆယ့်ရှစ်ဦးရှိကြောင်း စစ်ကောင်စီကျန်းမာရေးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။ 

ပိုးတွေ့ရှိမှုစာရင်းတွေထဲမှာ မြစ်ကြီးနားမြို့နယ်က အများဆုံးလည်းဖြစ်ပြီး ကူးစက်သူနှစ်ထောင်နီးပါးကလည်း မြစ်ကြီးနားမြို့ကဖြစ်ပါတယ်။ 

မိုးညှင်း ၊ ဖားကန့် ၊ ပူတာအို ၊ ဝိုင်းမော် နဲ့ ဗန်းမော်မြို့တွေက အစဉ်အလိုက် ကူးစက်မှုမြင့်တဲ့မြို့နယ်တွေဖြစ်ပါတယ်။ 

ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးတဲ့ စာရင်းကတော့  တစ်လအတွင်း (၁၄)ဦးရှိခဲ့ကြောင်းသိရပါတယ်။ 

ဒီလိုကူးစက်မှုတွေကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူလည်း အနည်းငယ်သာရှိပြီး စစ်ဆေးမှုမပြုနိုင်သူတွေများစွာလည်းရှိကြောင်း ပရဟိတလုပ်ကိုင်နေသူတွေထံမှ သိရပါတယ်။ 

ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကလည်း ပြန်လည်မြင့်တက်လာပြီး တစ်ရက်ပျှမ်းမျှ ၂၀၀၀၀ ဝန်းကျင်ခန့်အထိ ရောဂါပိုးစစ်ဆေးတွေ့ရှိနေတာလည်းဖြစ်ပါတယ်။ 

ရောဂါပိုးဖြစ်ပွားမှုအများစုက ကိုဗစ်မျိုးကွဲသစ်အိုမီခရွှန် လက္ခဏာတွေဖြစ်နေကြောင်း ကူးစက်ခံရသူတွေထံမှ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *