
ဩဂုတ် ၃ ၊ မြစ်ကြီးနား
ကချင်ပြည်နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးစိုင်းယီကျန်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဆေးရုံတွင် Covid19 ကုသမှုခံယူနေရင်း ကွယ်လွန်သွားကြောင်းသိရသည်။
“ Covid19 နဲ့ဆေးရုံတင်ထားတာ ၇ ရက် ၈ရက်လောက်ရှိသွားပြီ၊ မနေ့က သူ့ညီမကိုဖုန်းဆက်ပြီးမေးကြည့်လိုက်တော့ အောက်စီဂျင်ကတော့မတက်တော့ဘူး။အဲ့လိုဆိုတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်သွားပြီ ဒီမနက် ၁၂နာရီ ကျော်မှာ ဆုံးသွားတယ်” ဟု ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးစိုင်းမောင်အေးက ပြောသည်။
စိုင်းယီကျန်သည် အသက် ၆၅ နှစ်ရှိနေပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ စပြီး သေဆုံးအချိန်ထိ ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။
ဦးစိုင်းယီကျန်သည် ၂၀၁၀ ခုနှစ်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
၎င်းကွယ်လွန်မှုနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားသည်။ ကချင်ပြည်နယ်တွင် Covid19 ရောဂါပိုးကူးသည် ဩဂုတ်လ ၂ ရက်နေ့တစ်ရက်အတွင်း ၁၉၁ ဦးတွေ့ရှိခဲ့ထားသည်။