ကချင်ပြည်နယ်ရှိနိုင်ငံရေးပါတီ (၃) ပါတီနှင့်ရွေးကော်တို့ငွေကြေးနှင့်ပါတီရုံးများဖွင့်လှစ်ရေးကိစ္စများကိုဆွေးနွေး

ဇူလိုင် ၁၂ ၊ မြစ်ကြီးနား 

ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ  (၃) ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ဟာ ပါတီငွေကြေးနှင့် ရုံးခန်းများဖွင့်လှစ်ရေးကိစ္စရပ်များကို ဇူလိုင်လ ၁၁ နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

“  သိန်းတစ်ရာကိစ္စပေါ့နော်အာမခံသိန်းတစ်ရာရွေးကောက်ပွဲကြေညာတဲ့နေ့မှပဲစထုတ်သုံးရမယ်။ရုံးကိစ္စကိုစနစ်တကျလုပ်ထားဖို့၊  မြို့နယ်ရုံးပြည်နယ်ရုံးခရိုင်ရုံးတွေကလွဲပြီးတော့မှ  ကျေးရွာအုပ်စုတွေကျေးရွာတွေမှာအလံမလွင့်ရဘူး။ငွေကြေးမူဝါဒပေါ့၊ရှာသမျှရသမျှတွေကိုဘဏ်ထဲထည့်ပြီးတော့မှထုတ်သုံးရမယ်။ဘဏ်စနစ်နဲသွားရမှာ။”   လို့  အစည်းအဝေးတက်ရောက်ခဲ့သည့်တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဦးကျော်ထွေးကပြောပြပါတယ်။ 

ပါတီများအနေဖြင့် ငွေကြေးမူဝါဒကို ခိုင်ခိုင််မာမာထားရှိရမှာဖြစ်ပြီး ဘဏ်စနစ်များကို အသုံးပြုကာ ငွေဝင်၊ ငွေထွက်ကိစ္စများကိုဆောင်ရွက်ဖို့ ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုခဲ့တာလို့သိရပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ဘက်ကို တင်ပြရမယ့် ငွေကျပ်သိန်းတစ်ရာကိုလည်း တင်ပြထားရမှာပြီး ရွေးကောက်ပွဲကျင်းပဖို့ ရက်ကြေညာပြီးတဲ့နောက်ပိုင်းမှ  ဒီငွေကိုထုတ်ယူသုံးစွဲခွင့်ရှိမှာဖြစ်တဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်က အသိပေးခဲ့တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် ပါတီရုံးများကို လက်ရှိ  ပြည်နယ်၊​ခရိုင် နှင့် မြို့နယ်ရုံးတွေကိုသာ ဖွင့်လှစ်ရမှာဖြစ်ပြီး မြို့၊ကျေးရွာအုပ်စု တွေမှာ ပါတီရုံးဖွင့်တာ ၊ ဆိုင်းဘုတ်တင်တာ  ၊ အလံများစိုက်ထူခွင့် မရှိဘူးလို့ဆိုပါတယ်။ 

မေလနှင့် ဇွန်မှာ ပါတီမှတ်ပုံတင်ရရှိခဲ့တဲ့ ကချင်ပြည်နယ်အတွင်းသာ စည်းရုံးမယ့်ပါတီတွေဖြစ်တဲ့ ဒီမိုကရေစီပါတီသစ်(ကချင်) NDP ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ပါတီနှင့် စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကချင်ပြည်နယ်တာဝန်ခံ  ဦးဘရန်ရှောင် တို့ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *