ကချင် ၊​စစ်ကိုင်း နှင့် မန္တလေးတို့မှာ   ဇူလိုင်လတွင်   တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုရမည် 

ဧပြီ ၂၂ ၊ စစ်ကိုင်း 

ငလျင်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သည့် ကချင် ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့က ကျောင်းသား/သူတွေဟာ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ စစ်ကောင်စီပညာရေးဝန် ကြီးဌာနက အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။ 

ပြန်လည်ဖြေဆိုရမယ့် စာမေးပွဲ အချိန်ဇယားကိုလည်း ဧပြီလ ၂၂ ရက်နေ့မှ ကြေညာခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ စာမေးပွဲကိုပြန်လည်ကျင်းပသွားမှာလို့ ဆိုပါတယ်။ 

ကချင်ပြည်နယ် ၊ မန္တလေးတိုင်း နဲ့ နေပြည်တော် က ကျောင်းသား/သူတွေအားလုံးက ပြန်လည်ဖြေဆိုရမှာပဲဖြစ်ပါတယ်။

ဗန်းမောက် ၊ ဝန်းသို ၊ မော်လိုက် ၊ အရာတော် ၊ မင်းကင်း ၊ ပန်ဆက် ၊ တမူး ၊ အထက(၂) ရွှေဘို ၊ အထက (၁) ရေဦး စတဲ့ စာစစ်ဌာနတွေက ပြန်လည်ဖြေဆိုစရာမလိုဘဲ ကျန်တဲ့ စစ်ကိုင်းတိုင်းထဲက စာစစ်ဌာနတွေအားလုံး ပြန်လည်ဖြေဆိုရမှာပဲဖြစ်ပါတယ်။ 

မတ်လမှာ ကျင်းပခဲ့တဲ့ စာမေးပွဲမှာ ကချင်ပြည်နယ်က ကျောင်းသား/သူ ၈၆၉၉ ဦး ၊ စစ်ကိုင်းတိုင်းမှာ ၉၈၅၉ ဦး ၊ မန္တလေးတိုင်းမှာ ၃၄၃၈၃ ဦး ၊ နေပြည်တော်မှာ  ၁၂၅၅၂ ဦးဖြေဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်းမှာ ထားရှိထားတဲ့ ဖြေဆိုသူ ခြောက်သောင်းကျော်ရဲ့ တက္ကသိုလ်စာမေးပွဲအဖြေလွှာတွေ သုံးသိန်းခွဲကျောင်ဟာ မီးလောင်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ 

အခုလို ငလျင်ကြောင့် မီးလောင်ပျက်စီးသွားတဲ့ အဖြေလွှာတွေကြောင့် စာမေးပွဲ ပြန်လည်စစ်ဆေးမယ့်အပေါ် ကျောင်းသား/သူမိဘတွေနဲ့ ဆရာ/မတွေက ကန့်ကွက်မှုတွေရှိလည်း ရှိနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *