၂၀၂၁ ခုနှစ် ကမ္ဘာ့ဒီမိုကရေစီ အညွှန်းကိန်းရဲ့ အောက်ဆုံးဇယားမှာ မြန်မာ နဲ့ အာဖကန်နစ္စတန်တို့ ဖြစ်ကြောင်း Economist intelligence Unit’s (EIU) က ထုတ်ပြန်ခဲ့တဲ့ 2021 Democracy Index မှာဆိုထားပါတယ်။
ဇယားမှာတော့ မြန်မာဟာ ဒီမိုကရေစီအဆင့် ၁၆၆ ဖြစ်ပြီးတော့ အာဖကန်နစ္စတန်က အဆင့် ၁၆၇ မှာ ရှိတာလည်းဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က မြန်မာက အဆင့် ၁၃၅ ရှိရာကနေ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ မြောက်ကိုးရီးယားထက်ပင် ဒီမိုကရေစီအဆင့်နိမ့်ကျသွားပါတယ်။
အာဖကန်နစ္စတန်ကို တာလီဘန်တွေ ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက် တိုင်းပြည်အတွင်းမတည်မငြိမ်မှုတွေ ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ အမျိုးသမီးအခွင့်အရေးတွေကို တင်းကြပ်ချုပ်ကိုင်လာမှုတွေ ရှိလာခဲ့ပါတယ်။
ဒီမိုကရေစီအညွှန်းကိန်း (၅) နိုင်ငံမှာတော့ နော်ဝေ ၊ နယူးဇီလန် ၊ဖင်လန် ၊ ဆွိဒင် ၊ အိုက်လန် တို့ဖြစ်ပါတယ်။
သူတို့ထုတ်ပြန်မှုအရ ကမ္ဘာ့လူဦးရေ သုံးပုံတပုံကျော်ဟာ အာဏာရှင်လက်အောက်မှာ နေထိုင်နေရဆဲပဲလို့ ဖော်ပြထားပါတယ်။