စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ဗန်းမောက်မြို့နယ်များကို နိုင်ငံခြားသားခရီးသွားလာခွင့်ကို လုံခြုံရေးအရ ထပ်မံကန့်သတ်လိုက်သည့်နယ်မြေအဖြစ် ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ (၅) ရက်နေ့က ထုတ်ပြန်ထားသည်။
ယခင် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ထားသည့် စာရင်းများတွင် သွားလာခွင့်ပြုနယ်မြေ၊ မြို့ပေါ်နှင့် မြို့ပြင်အတွက် ခွင့်ပြုချက်တောင်းခံရန်မလိုသည့် စာရင်းတွင် ကသာမြို့နယ်နှင့် ဗန်းမောက်မြို့နယ်များ ပါဝင်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ ဝက်ဆိုဒ်မှသိရသည်။
ထိုထုတ်ပြန်ချက်တွင် ဗန်းမောက်မြို့နယ်ရှိ အင်းပေါက် ၊ခေါင်းတုံး၊ လေသာကုန်း ၊ ဘူးတောင်း၊ နန့်အော့ ၊ နန့်ခင် ၊ မိုးတေ ၊ နန့်မား၊ နားနန့်ထွန်ကျေးရွာများကို ခွင့်ပြချက်တောင်းခံရမည့် နယ်မြေအဖြစ်ထပ်မံကန့်သတ်ထားကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ကန့်သတ်လိုက်သည့် နယ်မြေများတွင် လယ်ယာလုပ်ငန်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် နယ်မြေများဖြစ်သည်။
ထို့အတူ ကချင်ပြည်နယ်အတွင်းတွင်လည်း ကာမိုင်းမြို့၊ ပူတာအိုမြို့နယ်ရှိ ပမ္မတီး၊ နမ့်ရှယ်ကော့၊ မုံငူရ်၊ ဆန်ဒမ်း၊ အထက်ဆန်ဂေါင် ၊ ဝါဆန်ဒမ်း ၊ ဇီယာဒမ်းကျေးရွာများကိုလည်း လုံခြုံရေးအရ ထပ်မံကန့် သတ်ထားသည့် နယ်မြေစာရင်းများအဖြစ်သတ်မှတ်ထားသည်။