ကသိုင်းတောင်တိုက်ပွဲပြန်ငြိမ်သွားပေမယ့် နေရပ်ပြန်ရေးစစ်ဘေးရှောင်များ အခြေအနေကြည့်နေရ 

ဩဂုတ် ၁၀ ၊ ဖားကန့် 

    ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာရှိ ကသိုင်းတောင်တွင်  ဩဂုတ်လ ၇ ရက်နေ့မှာ  KIA+PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲများကြောင့် ဒေသခံများက ဆိပ်မူကျေးရွာအုပ်စုရှိ မှော်ရှန်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေရသည်မှာ သုံးရက်တာရှိခဲ့ပြီဟု သိရပါတယ်။ 

လက်ရှိ တိုက်ပွဲဖြစ်ပွားမှုအခြေအနေမှာ တည်ငြိမ်စပြုလာပြီဟု ဆိုကြသော်လည်း ဒေသခံများက စိုးရိမ်ထိတ်လန့်မှုကြောင့် ရက်အနည်းငယ် ကြည့်ရူစောင့်ဆိုင်းနေကြတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေက ဆိုပါတယ်။ 

  “ အင်း အခြေအနေတည်ငြိမ်ရင်တော့ သူ့နေရပ်သူပြန်ကြမှာပေါ့ လောလောဆယ်တော့ ဘာမှန်းမသိသေးလို့ အခြေအနေနားထောင်နေတာပေါ့”  မှော်ရှန်ဘုန်းကြီးကျောင်းမှာ လုပ်အားပေးနေသူတစ်ဦးပြောပြပါတယ်။ 

စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ နမ့်မှော်ကျေးရွာနှင့် မှော်လကင်ကျေးရွာမှ ကျေးရွာသူ/သားများဖြစ်ကြပြီး သြဂုတ်လ၈ရက်နေ့ကနေ  ၁၀ ရက်နေ့အထိ တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက်  မှော်ရှန်ဘုန်းကြီးကျောင်း ဆရာတော် နဲ့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ကူညီထားတယ်လို့သိရပါတယ်။ 

“ ဘုန်းကြီးက ဘုန်းကြီးကျောင်းထဲမှာ အဆင်ပြေသလိုနေလိုက်ကြဦးတဲ့ လူမှူကူညီရေးအသင်းကတော့ အကုန်လုံးစီစဉ်ပေးတာပေါ့ စားဖို့သောက်ဖို့ အလှူခံပြီးတော့ ချက်ပြုတ်ပြီးတော့မှ ကျွေးတာပေါ့ အမျိုးသမီးအဖွဲ့တွေက ချက်ပြုတ်ပေါ့ အမျိုးသားအဖွဲ့တွေက အလှူခံ ပိုက်ဆံမှမဟုတ်ဘူး ဆန်လှူတဲ့သူကလှူ စားစရာ ငါးခြောက်လှူတဲ့သူကလှူ အာလူးလှူတဲ့သူကလှူ အေ့လိုမျိုးပေါ့’ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ပြောပြပါတယ်။

  မှော်ရှန်ဘုန်းတော်ကြီးကျောင်းအတွင်း  လာရောက်စစ်ရှောင်နေရသည့်  ကျေးရွာနှစ်ရွာပေါင်း အိမ်ထောင်စု (၃၀၈)စုရှိပြီး  လူဦးရေစုစုပေါင်း (၁၇၅၀)ဦး ရှိနေကြောင်း ကူညီပေးနေသူတွေရဲ့စာရင်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *