ကာမိုင်းမြို့လဝါးလမ်းဆုံတွင်ပြည်သူ့စစ်နှင့် KIA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအရပ်သားတစ်ဦးထိခိုက်သေဆုံး

ဇူလိုင် ၁၃၊ ကာမိုင်း

ကာမိုင်းမြို့ လဝါးလမ်းဆုံ စစ်ဆေးရေးဂိတ်အနီးတွင် ပြည်သူ့စစ်နှင့် KIA တို့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတစ်နာရီကျော်ကြာဖြစ်ပွားခဲ့တယ်လို့ ကာမိုင်းဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

“ ၁၀ နာရီပတ်ဝန်းကျင်မှာပါ။ တိုက်ပွဲက ကြီးကြီးမားမားပါ့ လူပေါင်း ၃ ရာကျော်ရှိတယ်။  သူတို့က မိုင်း(၇)လုံး ဆက်တိုက်ခွဲတယ်လေ။ ပြီးတော့မှ တစ်ယောက်နဲ့ တစ်ယောက်ပစ်ကြတာပါ့လေ။ ပြီးတာကတော့ ၁၁ နာရီကျော်ကျော်လောက်ပြီးတယ်။ တိုက်ပွဲက တစ်နာရီကျော်ကျော်လောက် အကြိတ်အနယ်ဖြစ်တာ ” လို့ ပြည်သူ့စစ်နဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း ခြံရှင်းနေတဲ့  ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်နေ  ဦးကျော်ဆွေလည်း ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ ကာမိုင်းဒေသခံများထံမှ သိရပါတယ်။ 

လဝါးလမ်းဆုံစစ်ဆေးရေးဂိတ်မှာ ကာမိုင်းမြို့ ပြည်သူ့စစ် နှင့် KIA တို့ကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ဖူးပါတယ်။ 

လဝါးလမ်းဆုံစစ်ဆေးရေးဂိတ်ဟာ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီတပ်တွေက ပြန်ရုပ်သိမ်းပြီး မိုးကောင်းမြို့ဟောင်းနှင့် လီဒိုလမ်းမ စစ်ဆေးရေးဂိတ်သာ ရှိတော့ကြောင်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *