ကုလသမဂ္ဂလုံခြုံရေးကောင်စီကဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို စစ်ကောင်စီ စီရင်ချက်ချမှု အထူးစိုးရိမ်ကြောင်းပြောဆို

Photo Credit – NLD Chair Facebook

ကုလသမဂ္ဂ  လုံခြုံရေးကော်စီ ဥက္ကဌ အဒူအဘာလီ (နိုင်ဂျာ) က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် စစ်ကောင်စီက စီရင်ချက်ချမှုအပါ် အထူးစိုးရိမ်တဲ့အကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ (၁)ရက်နေ့ နောက်ပိုင်းကတည်း ဖမ်းဆီးခံထားရသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုလိုက်ပြန်ပါတယ်။ 

ဒေါ်ဆောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့နှစ်ဦးကို  ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ်( ၂ ) နှစ် နဲ့    သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅  အတွက်  ထောင်ဒဏ် (၂)  နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဲ့နေ့က ညတွင်းချင်းမှာပဲ စစ်ကောင်စီက နှစ်နှစ်ကို ထပ်မံဖြေလျှော့ပေးခဲ့တဲ့အကြောင်း စစ်ကောင်စီမီဒီယာတွေဘက်ကနေ ကြေညာခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်က အကတိမှု ၊ ဆက်သွယ်ရေးပုဒ်မ ၊ ရွေးကောက်ပွဲဥပေဒ  စတဲ့ ပုဒ်မတွေနဲ့လည်း စစ်ကောင်စီဘက်က တရားစွဲဆိုထားဆဲဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးတဲ့နေ့က စ ဒီနေ့အထိ  စစ်ကောင်စီက ဖမ်းဆီးထားခဲ့သူ စုစုပေါင်း တစ်သောင်းကျော်ရှိနေပြီဖြစ်ပြီးတော့ ထောင့်သုံးရာကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။​

လုံခြုံရေးအဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ကြဖို့ ၊  အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အလေးပေးပြောဆိုခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *