ကောလင်းမြို့ကိုပြည်သူ့အုပ်ချုပ်ရေးစတင်လည်ပတ်နေပြီဖြစ်ကြောင်း NUG ကြေညာ 

ဒီဇင်ဘာ ၄ ၊ ကောလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းခရိုင်တွင်းက ကောလင်းမြို့ကို ပြည်သူ့အုပ်ချုပ်ရေးစတင်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့ ဒီဇင်ဘာလ ၃ ရက်နေ့က ကြေငြာပါတယ်။

ကောလင်းမြို့ကို NUG က တိုက်ခိုက်သိမ်းပိုက်ထားပြီး တစ်လနီးပါးအကြာမှာအခုလို ထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

အုပ်ချုပ်ရေး ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူ့ဝန်ဆောင်မှုပေးရေး တရားစီရင်ရေး ၊ ဘဏ်လုပ်ငန်း၊  non-CDM အရေးတို့အားလုံးကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေပြီလို့လဲ ဆိုထားပါတယ်။

အစ်ကိုကလည်းလေယာဉ်တွေနဲ့တခြိမ်းခြိမ်းကျဲနေတော့ဘယ်သူတွေကတအားသွားနေရဲမှာလဲ၊  လက်ရှိတော့အနီးနားကရွာတွေနားမှာစစ်ဘေးရှောင်နေရသေးတယ်လို့ကောလင်းမြို့အခြေအနေကိုသိသူတစ်ဦးကပြောပါတယ်။ 

လက်ရှိ ကောလင်းမြို့နယ်တွင်းမှာ စစ်ဘေးရှောင် ၁၂၆၁၀ ဦးရှိနေပြီး လူသားချင်းစာနာမှု အကူညီတွေပေးအပ်တယ်လို့ဆိုထားပါတယ်။

ကောလင်းမြို့နယ်ဟာ လူဦးရေ တစ်သိန်းခွဲကျော်နေထိုင်ပြီး မြို့အတွင်းမှာ လူဦးရေ နှစ်သောင်းခွဲကျော်နေထိုင်ပြီး ကျေးလက်ဒေသမှာ အများဆုံးနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

ကောလင်းမြို့နဲ့ ၁၂ မိုင်ခန့် အကွာမှာရှိတဲ့ ဝန်းသိုမြို့မှာ စစ်ကောင်စီတပ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၂၂၂ လဲ ရှိနေပြီး  လက်နက်ကြီးနဲ့ အချိန်မရွေး တိုက်ခိုက်လာနိုင်တာကြောင့်  နေရပ်ပြန်သွားကြတဲ့ ကောလင်းမြို့စစ်ရှောင်ဒေသခံတွေက တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာတွေလဲ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *