ဧပြီ ၉ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဆေးရုံတို့ကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲတယ်လို့ စစ်ကောင်စီဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
၄၀ မမ ဗုံးလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်ပြီး ဝန်ထမ်းအိမ်ရာအဆောက်အဦးတချို့ပျက်စီးခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ဧပြီလ ၆ ရက်နေ့ မနက် ၁၁ နာရီအချန်က ကောလင်းမြို့ မြောက်အင်းရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံး နဲ့ မြို့နယ်ဆေးရုံတို့ကို တစ်မိုင်ခန့်အကွာမှာရှိတဲ့ စျေးရုံဗိုလ်တဲရပ်ကွက်ကနေ သုံးချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
မြောက်အင်းရပ်မှာနေတဲ့ ဦးထည်ဝါဦးက ဝန်ထမ်းအိမ်ရာအနီး ရောက်ရှိနေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး သူရဲ့ယာလက်ဖျံ၊ ယာပေါင်နှင့်ယာ ခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိ ခဲ့ကြောင်းသိရသည်။
ဒီသတင်းနဲ့ ပတ်သတ်ပြီး ကောလင်း PDF တွေဘက်က သတင်းထုတ်ပြန်ထားတာမျိုးတော့မရှိခဲ့ပါဘူး။
ဧပြီလ ၂ ရက်နေ့က ကောလင်းမြို့ပေါ် ကျောင်းသစ်ကျောင်းအပေါက်ဝမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို PDF. တွေက တိုက်ခိုက်မှုကြောင့် နှစ်ဦးကျခဲ့ပြီး ၃ ဦးဒဏ်ရာရတယ်လို့ PDF တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
ရှမ်းနီအသံက ဒီဖြစ်စဉ်ကို သိနိုင်ဖို့အတွက် ကောလင်းဒေသခံတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။