
မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တောင်ဘက် ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့ကျေးရွာ ၊ကွက်သစ်ရွာက နေအိမ်တချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မေလ ၂ ရက်နေ့ည ၈ နာရီအချိန်မှာ စစ်ကောင်စီတပ်ဘက်က မီးရှို့သားတာဖြစ်တယ်လို့လည်းဆိုပါတယ်။
ကိုးတောင်ဘို့ရွာက ဒေါ်မဲတူ ဆန်စက်နဲ့ ကွက်သစ်ထဲက နေအိမ်တချို့မီးလောင်ခဲ့ပြီး လောင်ကျွမ်းသွားတဲ့ အိမ်စုစုပေါင်းကိုတော့မသိရေသေးဘူးလို့ ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာတွေဆီကနေ သိရပါတယ်။
ကိုးတောင်ဘို့ဘက်ကို စစ်ကောင်စီတပ်တွေက မေလ ၂ရက်နေ့ မနက်ပိုင်းကတည်းက အင်အားဖြည့်တင်းထားမှုတွေလည်းရှိပြီး မေလ ၃ ရက်နေ့မှာ လက်နက်ကြီးသံတွေ စတင်ကြားနေရတယ်လို့ဆိုပါတယ်။
မေလ ၃ ရက်နေ့မနက် ၇ နာရီခွဲအချိန်မှာပဲ အင်ပင်သာရွာ ၊ကြို့ခုံ ၊ ဝါးရုံကုန်းရွာသားများ စောစောစီးစီးထွက်ပြေးနေကြရပြီး အသေးစိတ်ကိုတော့ ရှမ်းနီအသံက မေးမြန်းနေဆဲဖြစ်ပါတယ်။
ဧပြီလထဲမှာ စစ်ကိုင်းအတွင်း နေအိမ်မီးရှို့ခံရမှု နှစ်ထောင့်ငါးရာကျော်ရှိခဲ့ပြီး ကောလင်းနဲ့ ဝန်းသိုမြို့နယ်တွေကလည်း အများဆုံးစာရင်းတွေထဲပါဝင်ပါတယ်။