ကောလင်းမှာ PDF(ကောလင်း) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား ပြည်သူတချို့ စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်

ဇူလိုင် ၂ ၊ ကောလင်း

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့တွင် ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က PDF (ကောလင်း) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ (၁၇) ဦးကျပြီး PDF ဘက်မှ အကျအရှုံးမရှိကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် ကောလင်းမြို့ထဲတွင် ညနေ ၃ နာရီ ၁၅ မှ ၆ နာရီအချိန်ထိ PDF ကောလင်း နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်မှ မြို့ထဲတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် နေအိမ်တချို့ပျက်စီးပြီး ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ကြောင်း သိရသည်။

“ သူတို့ကလက်နက်ကြီး ရမ်းသန်းပြီးပစ်တာ ပြည်သူတစ်ယောက် အိမ်ထဲမှာနေတာ ခန္ဓာကိုယ်မှာလာထိမှန်တယ်” ဟု ကောလင်းဒေသခံတစ်ဦးကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ PDF အဖွဲ့များသည် စစ်ကောင်စီတပ်နှင့် နေ့စဉ်နှင့်အမျှ ထိတွေ့ တိုက်ပွဲဖြစ်ပွား လျှက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *