ကျောက်စိမ်းတူးဖော်ဖို့စပျစ်ခူးကျေးရွာကိုရွေ့ပြောင်းရမယ်လို့ဆို

စက်တင်ဘာ ၈ ၊ ဖားကန့် 

ဖားကန့်မြို့နယ် စပျစ်ခူးကျေးရွာကို ရွေ့ပြောင်းပြီး  ကျောက်စိမ်းတူးဖော်ဖို့အတွက် အမည်မဖော်ပြထားတဲ့ တူးဖော်ရေး ကုမ္ပဏီက  KIA/KIO နဲ့ သဘောတူညီထားပြီး မကြာခင်ပြောင်းရွေ့ရမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 

ပထမဦးဆုံးဆယ်အိမ်တစ်စုဆယ်အိမ်တစ်စုသူတို့လာပြီးမှအဲ့ဒီအဖွဲ့အစည်းကလာညှိတယ်မင်းသဘောတူတူမတူတူ  ညှိနှိုင်းတာအောင်ချင်အောင်မအောင်ချင်နေညှိနှိုင်းရေးအဖွဲ့ကလာပြီးရင်နောက်မြေကွက်ပေးမယ့်ကောင်လာပြီအဲကောင်ကခင်ဗျားကဘယ်နေရာသူကဘယ်နေရာလာသတ်မှတ်ပြီးပေ၄၀x၆၀   မင်းဘာသာမင်းစဗျစ်ခူးရွာမှာပေ၁၀၀ပတ်လည်ပဲပိုင်ပိုင်ပေ၁၂၀ပဲပိုင်ပိုင်  ပေးတဲ့နေရာမှာ၄၀၆၀ပဲ  အားလုံးတစ်ပြေးညီပဲလို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတစ်ဦးကရှမ်းနီအသံကိုပြောပြပါတယ်။ 

ကျေးရွာကို ပြောင်းရွေ့ဖို့အတွက် ပုံစံ A,B,C သတ်မှတ်ထားပြီး လျော်ကြေးငွေကို  ပုံစံ A အတွက် သိန်း ၁၆၀ ၊ B အတွက် သိန်း ၁၅၀ ၊  ပုံစံ C အတွက် သိန်း ၁၄၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

စပျစ်ခူးကျေးရွာကို  ပြောင်းရွေ့ပြီး မျောက်ဖြူကျေးရွာမှာ ပြန်လည်ပြောင်းရွေ့နေရာချထားပေးမှာဖြစ်ပြီးတော့  တစ်အိမ်ကို ပေ ၄၀x၆၀ တစ်ကွက် ပြန်လည်နေရာချထားပေးမှာဖြစ်တယ်လို့ ပြောင်းရွေ့ဖို့အရေးဖြစ်စဉ်ကို သိနေသူတစ်ဦးက ပြောပြပါတယ်။

စပျစ်ခူးကျေးရွာမှာလက်ရှိ အိမ်ခြေ ၁၆၀ ကျော်ရှိနေပြီး မပြောင်းရွေ့ချင်ကြသလို ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။ 

များသောအားဖြင့်ကသဘောမတူဘူးဘာမှလည်းမပြောဘူးဒီတိုင်းကြောက်အားကြီးပြီးမှဒီတိုင်းငြိမ်နေကြတာ၊ပြည်သူတွေပဲဖြစ်တယ်သွားမေးရင်တောင်ကူညီမယ်ဆိုတောင်မောင်းပြန်ကြတယ်အေ့လိုကြောက်နေကြတာလို့ဒေသခံတစ်ဦးကပြောပါတယ်။ 

စပျစ်ခူးကျေးရွာကို ပြောင်းရွေ့ပြီး ကျောက်စိမ်းတူးဖော်ဖို့အတွက် KIA/KIO ရဲ့ ခွင့်ပြုချက်ရရှိထားသလို တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ သဘောတူညီမှု တစ်စုံတစ်ရာရရှိထားတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။ 

စပျစ်ခူးကျေးရွာရွေ့ပြောင်းဖို့အတွက် ဇွန်လကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ညှိနှိုင်းမှုအဆင့် တစ်ဝက်ကျော်ပြီးစီးထားပြီဖြစ်ပြီး  ပြောင်းရွေ့မယ့် နေ့ရက်တွေကို သတ်မှတ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

လက်ရှိ ပြောင်းရွေ့ရမယ့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်သူတွေကို ရှမ်းနီအသံက ကြိုးစားဆက်သွယ်နေဆဲဖြစ်ပါတယ်။

စပျစ်ခူးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လင်းဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်ထဲမှာ အမည်မသိလက်နက်ကိုင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခဲ့ရတာဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *