နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ နှစ်လည်ကျောက်မျက်ရတနာပြပွဲ လေးရက်အတွင်း ကျောက်မျက်နဲ့ ပုလဲအတွဲ ထက်ဝက်ကျော်ရောင်းချထားပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာဖော်ပြပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့က ၂၂ ရက်နေ့အထိ ပုလဲအတွဲ ၃၆၂ တွဲနဲ့ ကျောက်မျက်အတွဲ ၅၅ တွဲကိုရောင်းချထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက ၂၀၂၂ ခုနှစ် နှစ်လည်ပြပွဲအတွက် ပုလဲအတွက် ၄၀၀ နဲ့ ကျောက်မျက်အတွဲ ၁၂၀ ကိုရောင်းချကြေညာထားတာလည်းဖြစ်ပါတယ်။
ကျောက်စိမ်းအတွဲ ၂၁၅၀ ရောင်းချသွားမယ်လို့ ကြေညာထားပြီး ဘယ်နှစ်တွဲကို ရောင်းချထားနိုင်ပြီလည်းဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ကျောက်မျက်ရတနာတွေကို ယူရိုငွေနဲ့ကြမ်းခင်းစျေးသတ်မှတ်ထားပြီး ပြည်တွင်းလုပ်ငန်းရှင်တွေက ကျပ်ငွေနဲ့ ပေးချေရမှာဖြစ်ပြီး ပြည်ပကုန်သည်တွေအနေနဲ့က အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နဲ့ ထိုင်းငွေ ဘတ်တို့နဲ့ ပေးချေနိုင်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနဲ့ ကျောက်မျက်ရတနာပြပွဲကို ယခုအပါအဝင် လေးကြိမ်ပြုလုပ်ထားပြီး ကျောက်စိမ်းအတွဲ ၅၉၂၈ တွဲ၊ ပုလဲအတွဲ ထောင့်သုံးရာကျော်ကို ရောင်းချခဲ့ပြီး ရောင်းချရတဲ့ငွေပမဏာကို ပြောဆိုထုတ်ပြန်ထားခြင်းမရှိပါဘူး။
NUG က ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေနှင့် အဆိုပါ ကျောက်မျက်ရတနာ ပြပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုဖို့ တားမြစ်ထားပါတယ်။