ကျောင်းဖွင့်မယ်ဆိုတဲ့သတင်းကြောင့်နောင်ပိုအောင်အထကကျောင်းဝန်းအတွင်းမိုင်းနစ်လုံးထောင်ထား 

ဇွန် ၈ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် အထကစာသင်ကျောင်းအဝင်ဝ နဲ့ လှေခါးအောက်နားမှာ ထောင်ထားတဲ့ မိုင်းနစ်လုံးတွေ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဇွန်လ (၆) ရက်နေ့မှာ ထောင်ထားတာဖြစ်ပြီး ဒေသခံတွေက SNA နဲ့ စစ်တပ်ဆီကို အကြောင်းကြားပြီး စစ်တပ်ရဲ့ မိုင်းရှင်းလင်းရေးအဖွဲ့တွေက လာရောက်ရှင်းလင်းသွားတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

“ နှစ်လုံး တစ်လုံးကအကြီးကြီးပဲ  အဲ့ခါကျတော့ တစ်လုံးက တော်တာ်ကြီးတယ်တဲ့ မြေကြီးတောင်တှုန်တယ်တဲ့။ မနေ့က သွားပြီး ကျောင်းရှင်းလင်းရေးတွေလှုပ်ပြီးတော့ အဲ့တာ ကလေးတွေမိလို့ရှိရင် သေကုန်မှဒါက” လို့ ကျောင်းအနီးက ဒေသခံတစ်ဦးကပြောပြပါတယ်။

နောင်ပိုအောင်အထကကျောင်းက မိုင်းရှင်းလင်းရေးလုပ်ပြီးတဲ့နောက်  အထကကျောင်း နဲ့ နောင်ပတ်ခါးစာသင်ကျောင်းတွေကို သန့်ရှင်းရေးတွေပြုလုပ်ဖို့အတွက်နဲ့ ကျောင်းတက်တဲ့ ကျောင်းသားမိဘတွေအပေါ်မှာ နှောက်ယှက်မှုတွေမပြုဖို့  ဇွန်လ ၇ ရက်နေ့မှာ လိုက်လံဆော်ဩတယ်လို့ သိရပါတယ်။ 

“ ကျွန်တော်တို့မနေ့က လိုက်ပြီးဆော်ဩတာက ပညာသင်ကြားနေတဲ့ကျောင်းသားမိဘများအပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ နှောက်ယှက်ခြင်းမပြုရဆိုပြီး အဲ့တာပါတယ်ဗျ၊ နောက်ပြီးတော့ အထကနောင်ပိုအောင်ကျောင်းဝင်းအတွင်း ကျောင်းသန့်ရှင်းရေးပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေယူဆောင်ပြီး မပျက်မကွက်လာရောက်ပေးကြပါရန် တိုက်တွန်းနှိုးဆောင်အပ်ပါသည်”​ လို့ အဲ့ထဲမှာ လိုက်လံဆော်ဩတဲ့ထဲ ပါဝင်သူ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဇွန်လ ၈ ရက်နေ့မှာ နောင်ပိုအောင်ရွာထဲက နောင်ပတ်ခါးစာသင်ကျောင်းမှာ အပ်နှံထားသူတွေစာ သင်ကြားနေပြီး နောင်ပိုအောင် အထကကျောင်းကတော့ ကျောင်းသန့်ရှင်းရေးပြုလုပ်နေဆဲဖြစ်တယ်လို့ ဆိုလိုပါတယ်။ 

SNA ရဲ့ လိုက်လံဆော်ဩမှုမှာ အတင်းအကြပ်နဲ့ ကျောင်းသန့်ရှင်းရေးလာလှုပ်ကြဖို့အတွက် ဖိအားပေးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုနေပေမယ့်  ရှမ်းနီအသံမေးမြန်းစုံစမ်းမှုတွေမှာ အတင်းအကြပ်စေခိုင်းတယ်လို့  ပြောဆိုမှုမရှိကြောင်း ပြောကြပါတယ်။ 

နောင်ပိုအောင် အထကက နှစ်စဉ်ကျောင်းသားဦးရေ ၁၇၀၀ ကျော်ပညာသင်ကြားတဲ့ကျောင်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုတို့ကြောင့် ကျောင်း(၂) နှစ်ပိတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *