ကျောင်းသားတပ်မတော် ABSDF (၃၄)နှစ်ပြည့်လာ   

နွေဦးတော်လှန်ရေးမှာလည်းပါဝင်တိုက်ပွဲဝင်နေပြီလို့ကြေညာ

နိုဝင်ဘာ ၁ ၊ မဲဆောက်

ကျောင်းသားတပ်မတော်  ABSDF တည်ထောင်လာတာ  နိုဝင်ဘာလ (၁) ရက်နေ့မှာ ၃၄ နှစ်ပြည့်လာပြီဖြစ်ပြီး လက်ရှိနွေဦးတော်လှန်ရေးမှာလည်း တိုက်ပွဲဝင်နေတယ်လို့ ကြေညာပါတယ်။ 

“ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် မျိုးဆက်သစ်ရဲဘော်တွေကို လေ့ကျင့်၊ စုဖွဲ့မှုတွေပြုလုပ်ခဲ့ပြီး ညီနောင်မဟာမိတ် အသီးသီးနဲ့ လက်တွဲ တိုက်ဝင်နေကြပြီလို့ “ နိုဝင်ဘာ ၁ ရက်နေ့မှာ ကြေညာတာလည်းဖြစ်ပါတယ်။ 

ABSDF. အနေနဲ့  စစ်ကိုင်းတိုင်း ကသာခရိုင် ၊ မကွေးတိုင်း နေရာတချို့  နဲ့ ကရင်ပြည်နယ်တွေမှာ PDF တပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်မှုတွေပြုလုပ်နေတာကို တွေ့မြင်ရပါတယ်။ 

၃၄ နှစ်တာကာလအတွင်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစု တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် တိုက်ပွဲဝင်ခဲ့တာလို့ ABSDF က ဆိုပါတယ်။ 

1988 ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကနေ ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတပ်မတော်ဟာ ယနေ့နွေဦးတော်လှန်ရေးအပါအဝင် ရဲဘော် 764 ဦး ကျဆုံးခဲ့ပြီး ၄၀၁ ဦး ထိခိုက်ဒဏ်ရရခဲ့ထားတယ်လို့ဆိုပါတယ်။ 

လက်ရှိတစ်နိုင်ငံလုံးရင်ဆိုင်နေကြရတဲ့ အထွေထွေအကြပ်အတည်းကလည်း စစ်အာဏာသိမ်းခဲ့မှုရဲ့ အကျိုးဆက်တွေသာဖြစ်တယ်လို့ ပြောပါတယ်။ 

ABSDF က 2015 ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တစ်ခုပြီးဖြစ် အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်ခဲ့တဲ့ တပ်ဖွဲ့လည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *