ဇူလိုင် ၃၀ ၊ ခန္တီး
ခန္တီးမြို့ စစ်ဗျူဟာအခြေချ သည့် ခလရ (၅၂)တွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်ပိုင်အမှတ် တ- ၅၁၂၃၆၃ တပ်ကြပ်ကြီးစာရေး ဝင်းထက်မိုးသည် CDM လုပ်ရှားမှုတွင်ပါဝင်လာကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်အောက်တွင် လုံးဝ(လုံးဝ)တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အတွက်နှင့် ပြည်သူ့ဘက်ရပ်တည်ခြင်းကြောင့် CDM တွင်ပါဝင်ခြင်းဖြစ်ကြောင်း ၎င်းကရေးသားထားသည်။
၎င်းသည် ပါတီနိုင်ငံရေးတွင်ပါဝင်ခြင်းမရှိဘဲ CDM.တွင် ငြိမ်းချမ်းစွာပါဝင်ရခြင်းဖြစ်သည်ဟု ဝန်ခံကတိပြု လက်မှတ်ထိုးရေးသားထားသည်။