ခန္တီးမြို့နယ်မှာကြားမှော်ရာအိမ်မှူးဟောင်းတစ်ယောက်အသတ်ခံရ

ဧပြီ ၂၅ ၊ ခန္တီး 

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ် (ဒေသအခေါ် ကြားမှော်) ရွှေမြင့်မိုရ် ကျေးရွာမှ ရာအိမ်မှူးဟောင်းဖြစ်သူ  ဦးသန်းဌေးအောင်ရဲ့ သေဆုံးနေသည့်ရုပ်အလောင်းကို ခန္တီးမြို့၊ ကင်းတော်စက်လှေဆိပ်အနီးမှာ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့  ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ 

“ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ကတော့ သုံးရက် လေးရက်လောက်တော့ ရှိပြီထင်တယ်ကော ၊ ဒီနေ့အထိ ဘယ်အဖွဲ့ကသတ်သလဲဆိုတာကို သဲသဲကွဲကွဲမသိသေးဘူး” လို့ ခန္တီးဒေသခံ တစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။ 

သူအသတ်ခံရမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုတော့ ဖုန်းလိုင်းအဆက်အသွယ်ခက်ခဲမှုတွေကြောင့် မသိရှိရသေးပါဘူး။ 

ရွှေမြင့်မိုရ်ကျေးရွာသည် ရွှေမှော်လုပ်ငန်းလုပ်ကွက်တွေကို အမှီပြုပြီး  ကြားမှော်အမည်နဲ့ ဒေသတွင်းလူသိများပြီး ရွှေလုပ်ကွက်တွေ ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။ 

ခန္တီးမြို့နှင့် (၁၈)  မိုင်ခန့်သာဝေးကွာပြီး ချင်းတွင်းမြစ်ကမ်း နန့်ဖာ၊ မှန်ပင် ကျေးရွာတွေနဲ့ ပဒူးမုန်းကျေးရွာကြားရှိသည့် ရွာတစ်ရွာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *