ခေါင်ခမ်းကျေးရွာအနီးစစ်ကောင်စီချထားပေးမယ့် ရွှေလုပ်ကွက်ကို ဟုမ္မလင်းမြို့နယ်ပြ ည်သူ့ အုပ်ချုပ်ရေး အဖွဲ့ က တားမြစ်မိန့်ထုတ်

ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ခေါင်ခမ်းကျွန်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီက ရွှေမျှောလုပ်ကွက်တွေချထားပေးမယ့် စီစဉ်မှုကို ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ တားမြစ်လိုက်ပါတယ်။  

ချင်းတွင်းမြစ်ရေးစီးကြောင်း ပြောင်းလဲပြီး ကျေးရွာပျက်စီးနိုင်မှု ၊ ရေကြီးခြင်း နဲ့ ကမ်းပါးပြိုကျနိုင်နိုင်ခြင်း စတဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။ 

ယခင်ကလည်း ခေါင်ခမ်းကျွန်းမှာ ရွှေမျှောတိုက်ခြင်းမပြုလုပ်ဖို့ တားမြစ်မှုတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။ 

တားမြစ်မှုတွေကြားက ဆက်လက်လုပ်ကိုင်ပါက အရေးတော်ပုံအောင်ပြီးသွားတဲ့အခါ ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေးခဲ့တာလည်းဖြစ်ပါတယ်။​

အာဏာသိမ်းပြီးတဲ့နောက် ဟုမ္မလင်းမြို့ ရွှေမျှောလုပ်ကိုင် မှုတွေကို ပိုတိုးလာခဲ့ပြီးတော့ ကျေးရွာအများစုက ရွာပိုင်မြေအပါအဝင်  ဥရုချောင်းထဲမှာလည်း ရွှေမျှောလုပ်ကိုင်မှုတွေက တိုးလာနေဆဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *