ဂျပန်နီပွန်ဖောင်ဒေးရှင်းကိုတက်ကြွလှုပ်ရှားသူလို့စွပ်စွဲမှုအပေါ်အပစ်ရပ်အဖွဲ့များကန့်ကွက်

 ဇူလိုင် ၆ ၊ ချင်းမိုင် 

ဂျပန်နီပွန်ဖောင်ဒေးရှင်းနှင့် ဥက္ကဌ မစ္စတာ ဆာဆာဂါဝါကို တက်ကြွလှုပ်ရှားသူတလို့ ပုဂ္ဂိုလ်တချို့က တိုက်ခိုက်ထိုးနှက်မှုအပေါ်  NCA-S EAO (၆) ဖွဲ့က ကန့်ကွက်ရှုံ့ချကြောင်း ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 

နီပွန်ဖောင်ဒေးရှင်းနဲ့ မစ္စတာဆာဆာဂါဝါတို့ဟာ တိုင်းရင်းသားနယ်မြေအတွင်းရှိ  စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ၊ စစ်ဘေးရှောင်များ နဲ့  ဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေကြသူတွေဖြစ်တယ်လို့ဆိုထားပါတယ်။ 

တိုင်းရင်းသားဒေသက မြို့သစ်စီမံကိန်းတွေကို ထောက်ပံ့ပေးတာ၊ စာသင်းကျောင်းနှင့်ဆေးရုံတွေကို ထောက်ပံ့ပေးတာအပြင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်းမှာလည်း လူသားချင်းစာနာမှုအကူအညီတွေအနေနဲ့ အခြေခံ ရိက္ခာတွေဖြန့်ဝေပေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ စာထဲမှာဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းမှာ ဆန်အိတ်ရေ ခြောက်သောင်းလေးထောင်ဖြန့်ဝေခဲ့ပြီး ဒီနှစ် မှာလည်း ဆက်လက်ဖြန့်ဝေသွားဖို့ အစီအစဉ်တွေရှိတေယ်လို့ဆိုပါတယ်။ 

အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့  နီပွန်ဖောင်ဒေးရှင်းနဲ့ ဥက္ကဌ မစ္စတာဆာဆာကာဝါကို အပြည့်အဝထောက်ခံသလို ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း လက်မှတ်ရေးထိုး ဆန္ဒပြုတယ်လို့ဆိုပါတယ်။ 

နီပွန်ဖောင်ဒေးရှင်းဟာ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကူညီပံ့ပိုးမှုတွေပြုလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မစ္စတာ ဆာဆာကာဝါဟာလည်း ဂျပန်အစိုးရရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်မှာ လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဌ နှင့်အဖွဲ့ကိုတွေ့ဆုံခဲ့သလို၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီတချို့နှင့်လည်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း မြန်မာနိုင်ငံအရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *