
ဇွန် ၆ ၊ ရန်ကုန်
၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်းမှ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ဆို ၁ သန်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။
ပေါ်ဆန်း ဆန်ခါတင်ကို တစ်တန် အမေရိကန်ဒေါ်လာ ငါးရာကျော်ရရှိပြီး ဆန်ကွဲတစ်တန် အနိမ့်ဆုံးစျေး ဒေါ်လာ သုံးရာတစ်ဆယ်ကနေ အမြင့်ဆုံး သုံးရာ့သုံးဆယ်စျေးမှာ ရောင်းဝယ်မှုပြုခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာစျေးကွက်ထဲမှာ ဆန်တစ်တန်ကို မြန်မာငွေဆယ်သိန်းငါးသောင်းကျပ် အမြင့်ဆုံးပေးဝယ်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့သည့် မေလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၉၄၀၀၀ကျော် နဲ့ ဆန်ကွဲတန်ချိန် ၅၈၀၀၀ ကျော် တင်ပို့ခဲ့တာလည်းဖြစ်ပါတယ်။
ဒီဆန်ကို ပြည်ပနိုင်ငံပေါင်း ၁၆နိုင်ငံ နဲ့ ဆန်ကွဲကို ၉နိုင်ငံကို တင်ပို့ခဲ့ရောင်းချတာလည်းဖြစ်ပါတယ်။
ပြည်ပသို့ဆန်နဲ့ဆန်ကွဲတင်ပို့မှုတွင် အနီးစပ်ဆုံးကာလဖြစ်သည့် ၂၀၂၂ ခုနှစ်ဧပြီလအတွင်းကလည်း ဖောက်သည်စျေးကွက် နိုင်ငံပေါင်း ၃၀ သို့ ကုမ္ပဏီ ၃၅ ခုမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၅၀၀၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်နှင့် ဆန်ကွဲများကို အာဖရိကနိုင်ငံများကအများဆုံးဝယ်ယူပြီး တရုတ်၊ ဖိလစ်ပိုင် ၊ဘယ်ဂျီယံ၊ ပိုလန် ၊ နယ်သာလန် နှင့် အီတလီနိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ခုနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၈၇ ဒသမ ၂သန်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။