ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် RCSS/SSA ဥက္ကဌစဝ်ရွက်စစ်နေပြည်တော်ကိုဒီနေ့ရောက်ရှိ

တာချီလိတ်မြို့ကိုရောက်ရှိလာတဲ့ စ၀်ရွက်ဆစ်ကိုကြိုဆိုနေကြစဉ် Photo Credit – တာချီလိတ်မဏ္ဍိုင်

မေ ၁၉ ၊ နေပြည်တော် 

မနက်ဖြန် မေလ ၂၀ ရက်နေ့မှာ စတင်ဆွေးနွေးမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA  ဥက္ကဌ စစ်ရွက်စစ်က နေပြည်တော်ကို သွားဖို့ ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ တာချီိလိတ်မြို့ကို ဒီနေ့နေ့လည်မှာ ရောက်ရှိလာခဲ့ပါတယ်။ 

ဒီနေ့နေ့လည်မှာတာချီလိတ်ကို  ရောက်ရှိလာတဲ့ ဗိုလ်ချုပ်ကြီးစဝ်ရွက်စစ်ကို ရွှေတြိဂံတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေက နေပြည်တော်ကိုထွက်ခွာဖို့ လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ရှမ်း၊ ပအိုဝ်း၊ လီဆူ ၊ အခါ၊ လားဟူစတဲ့ တိုင်းရင်းသားလူငယ်တွေကလည်း  ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထောက်ခံတဲ့ စာတန်းတွေရေးထိုးထားတဲ့ ပိုစတာတွေကိုင်ပြီး ကြိုဆို နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS/SSA ၊ DKBA နဲ့  KNLA တို့ပါဝင်တာ  ဥက္ကဌတွေကိုယ်တိုင်တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ််။

ဒါ့အပြင် ကျန်တဲ့ (၇) ဖွဲ့ကတော့ ဒုဥက္ကဌတွေနဲ့ အတွင်းရေးမှူးအဖွဲ့တွေ တက်ရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ 

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ကြိုတင်မကန့်သတ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုးဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ရှမ်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS/SSA ၊​ SSPP/SSA ၊​ NDAA မိုင်းလား ၊  UWSA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်  PNLO နဲ့ လားဟူအဖွဲ့တို့ တက်ရောက်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *