ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့  ကိစ္စရပ်အပါအဝင်အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်စစ်ကောင်စီတို့ဆွေးနွေး 

မတ် ၃၀ ၊ နေပြည်တော် 

ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့  ကိစ္စရပ်အပါအဝင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့ဆွေးနွေးခဲ့တယ်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO (၇)ဖွဲ့ ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။ 

အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိကုင်  (၇)ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ မတ်လ ၂၈ ရက်နဲ့ ၂၉ ရက် နှစ်ရက်တိတိ နေပြည်တော်မှာ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းဝေးမှာ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအခင်းအကျင်းပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအဆင့်ဆင့်ကိစ္စ၊ ဖက်ဒရယ်အခြေခံမူကိစ္စ၊ အရပ်သားများကာကွယ်ပေးရေး ဆိုင်ရာကိစ္စ၊ နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စ စတဲ့ အချက် (၈)ချက်နှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၂)ဦး၊ မျိုးသားစည်းလုံးညီညွတ်ရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNCမှ ကိုယ်စားလှယ် (၇)ဦး စုစုပေါင်း ၁၉ဦး တက်ရောက်ခဲ့တယ်လို့ NCA-S EAO က သတင်းထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က စစ်ကောင်စီနဲ့ တိုက်ပွဲများ ဖြစ်ပွားလျက်နေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *